Part (4)

4.4K 436 1
                                    

Unicode

ရှောင်းကျန့် ကော်ဖီဆိုင်လေးကို ရောက်တော့ သူထိုင်နေကြနေရာမှာ ရိပေါ်ကထိုင်နေတယ်။

"ဟိုင်း ကျန့်ကော"

"ရိပေါ် ဒီနေ့စောလှချည်လား"

"အင်း ကျွန်တော်သွားစရာရှိသေးလို့"

"ဪ"

"ဒီမှာ ကျန့်ကောအတွက်လက်ဆောင်"

"ရိပေါ်...အားနာစရာ"

"အားနာစရာမလိုပါဘူး ဖွင့်ကြည့်လိုက်ပါ"

"Wow ရိပေါ်ဒါလေးက"

ရိပေါ်ပေးတဲ့ လက်ဆောင်လေးက နောက်အပတ်မှာ လုပ်မယ့် နာမည်ကြီးတော်တော်များများရဲ့ concert လက်မှတ်။ အဲ့ဒီပွဲမှာ ရိပေါ်လေးရဲ့ performance တွေလဲပါမှာဆိုတော့ အရင်ကထဲက ရှောင်းကျန့်သွားချင်နေခဲ့တာလေ။

"ကျန့်ကော လာခဲ့နော်"

"သေချာပေါက်လာခဲ့မယ် ကောလဲအဲ့ပွဲကို အရမ်းသွားချင်နေခဲ့တာ"

"ကောင်းတာပေါ့"

"ရိပေါ်ဟိုဟာလေ...."

"အင်း...."

ရှောင်းကျန့်မေးကြည့်လိုက်ချင်တယ်။ သူ့လို သိတာမကြာသေးတဲ့လူ တစ်ယောက်အပေါ်ကို ဘာလို့ကောင်းပေးတာလဲ။ ရိပေါ်က fan တွေအပေါ်ကောင်းပေမဲ့ တရင်းတနှီးမနေတတ်ဘူးလို့ သူသိထားတာ။

"ကောအပေါ်ဘာလို့ကောင်းပေးတာလဲဟင်...ဟိုအထင်မလွဲပါနဲ့ ဒီအတိုင်းကော မယုံနိုင်ဖြစ်နေလို့"

"ကျွန်တော့မှာ အကြောင်းပြချက်ရှိပါတယ်ကော နောက်တော့ ကျွန်တော်ပြောပြပါ့မယ်"

"အင်း ရိပေါ်သဘောပါ"

"ကျွန်တော်သွားတော့မယ်ကော"

"အင်းကောင်းကောင်းသွား"

ရိပေါ်ပြန်သွားတော့ ရှောင်းကျန့် လက်မှတ်လေးကို သေချာကြည့်နေတယ်။ ကျိရန်ကလဲ ရှောင်းကျန့်ဘေးနားလာထိုင်ပြီး

"ရှောင်းကျန့် မင်းကို ရိပေါ်ရိုးကောရိုးရဲ့လား"

"မင်းကလဲ ဘယ်လိုကြီးပြောလိုက်တာလဲကွာ"

"ငါပြောတာမဟုတ်လို့လား မင်းလို ခုမှတွေ့ဖူးတဲ့သူကို အရမ်းကောင်းနေတယ်လေ။"

Have You Ever Been In Love?Where stories live. Discover now