Part (23)

2.6K 240 9
                                    

Unicode

"ခွေးပေါက်လေး ထတော့လေ ရိုက်ကူးရေးရှိတယ်မလား"

"ငါးမိနစ်ပဲ...."

"ရွှတ်....ငါးမိနစ်နေရင် ပြန်နှိုးမယ်နော်"

"Immmm......."

"ငါးမိနစ်ပြည့်ပါပြီခင်ဗျာ....ထပါတော့..."

"မြန်လိုက်တာ...."

"ထထ ရေသွားချိုးတော့ ခုနက ကျန်းချန်ဖုန်းဆက်တယ်။"

"ကိုကိုနဲ့ အတူရှိတာ ဘယ်လောက်မှမကြာသေးဘူး ခွဲရတော့မှာလား"

"ကိုကိုအိမ်မှာပဲရှိနေမှာ ဘယ်မှမသွားဘဲစောင့်နေမယ်လေ"

"ကျွန်တော်နဲ့ လိုက်ခဲ့ပါလား"

"ဟမ်...မကောင်းဘူးထင်တယ်"

"ကိုကို့မျက်နှာကို လူတွေမမြင်အောင်လုပ်ခဲ့ပေါ့...လိုက်ခဲ့ပါကိုကိုရယ်နော်...နော်"

"အင်းပြီးရော လိုက်ခဲ့မယ်"

ရိပေါ်ရိုက်ကွင်းထိ ရှောင်းကျန့်လိုက်လာခဲ့တယ်။ လူတွေမမြင်အောင် မျက်နှာကို အုပ်ထားပြီး ကားထဲမှာပဲထိုင်နေလိုက်တာပေါ့။ ရိုက်ကွင်းနားတဲ့ အချိန်တိုင်း ရိပေါ်က ကားထဲဝင်လာကာ အားဖြည့်တယ်ဆိုပြီး တဝကြီးနမ်းသွားတတ်တယ်။

"ပြီးပြီကိုကို အိမ်ပြန်ကြမယ်...."

"ပင်ပန်းနေပြီလား ကလေး"

"အင်းပင်ပန်းပေမဲ့ ကိုကို့ကို မြင်တော့ပျောက်သွားပြီ"

"ခွေးပေါက်လေး...လာကိုကို့ပုခုံးကိုမှီထားလိုက်"

"ဟုတ်"

ရိပေါ်က ရှောင်းကျန့်ပုခုံးပေါ်မှီချလိုက်တယ်။ လက်ထဲမှာကိုင်ထားတဲ့ ဇာတ်ညွှန်းစာရွက်ကို ရှောင်းကျန့်က ယူကြည့်လိုက်တယ်။

"ဒီနေ့ kiss scenes တွေအများကြီးရိုက်ရတာပဲ"

"ဟီး...ဟုတ်တယ်"

"အဲ့တာကြောင့် ကားထဲခဏခဏဝင်လာပြီး နမ်းနေတာလား"

"အင်း ဟိုမှာ အဆိပ်မိလာလို့ ကိုကို့ဆီက ဖြေဆေးလာလာယူတာ"

"တော်တော်လည်တဲ့ ခွေးပေါက်လေး"

"ကိုကို အပြစ်ပေးချင်ရင်ပေးပါ အွန့်"

Have You Ever Been In Love?Where stories live. Discover now