Part (17)

2.8K 277 5
                                    

Unicode

ရှောင်းကျန့်ရဲ့ ပထမဆုံးရိုက်ကူးမှုက အဆင်ပြေပြေပဲ ပြီးသွားခဲ့ပြီး ရိုက်ကူးရေး team တစ်ခုလုံးက ရှောင်းကျန့်ကို ချီးကျူးကြတယ်။ ရှောင်းကျန့်ရဲ့ သီချင်းဆိုပါရမီကို သတိထားမိတဲ့ ဒါရိုက်တာကြီးက သီချင်းဆိုပြိုင်ပွဲတစ်ခုနဲ့ ချိတ်ဆက်ပေးတယ်။ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲဖြစ်လို့ တစ်နိုင်ငံလုံးရဲ့ အာရုံစိုက်ခြင်းခံရတဲ့အပြင် အနုပညာအသိုင်းအဝိုင်းထဲကို ဝင်ဖို့ပေါင်းကူးတံတားလဲဖြစ်တယ်။ ရှောင်းကျန့်က သီချင်းဆိုပြိုင်ပွဲမှာ တစ်ဆင့်ပြီးတစ်ဆင့်ကျော်ဖြတ်ကာနောက်ဆုံး final အထိရောက်လာခဲ့တယ်။ အရေးကြီးတဲ့ ပွဲစဥ်မို့ ရှောင်းကျန့်နေ့မအားညမအားလေ့ကျင့်နေရတယ်။

"ကိုကို"

"ရိပေါ်...ကိုကိုမင်းဆီလာမလို့ဘဲ...ကိုကိုလေ့ကျင့်စရာလေးတွေရှိနေလို့ပါ"

"ကျွန်တော်သိတယ်။ ကိုကို့အခန်းက ညတိုင်းမီးလင်းနေတာ"

"အင်း...ဟုတ်တယ်...ကိုကိုတောင်းပန်တယ်နော်...."

"ကိုကို...ကျွန်တော့ကို တောင်းပန်ပါတယ်နဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတွေမပြောပါနဲ့ ကျွန်တော်တို့က သူစိမ်းမှမဟုတ်တာ"

"ဒါပေမဲ့ကိုကိုက မင်းဆီမလာနိုင်တော့ တာဝန်မကျေတဲ့ချစ်သူဖြစ်နေမှာ"

"ကိုကိုမလာနိုင်ရင် ကျွန်တော်လာမှာပေါ့....ကဲ...ခုကိုကိုဘာသီချင်းလေ့ကျင့်နေတာလဲ ကျွန်တော့်ကို ဆိုပြမလား"

"Stephanie Sun ရဲ့Green Light...ဒီသီချင်းက မင်းကိုရည်ရွယ်ပြီးကိုကိုဆိုမှာ...မင်းသိလားမင်းကကိုကို့အတွက် အစိမ်းရောင်အလင်းတန်းလေးပဲ"

"အဲ့တာဆိုကိုကို ပထမရမှာသေချာတယ်။ ကျွန်တော့ကိုရည်ရွယ်လို့လေ...."

"ဟားဟား....မင်းပြောတာမှန််တယ်"

ရှောင်းကျန့်က သူရွေးထားတဲ့သီချင်းကို အကလေးပါထည့်ပြီး ရိပေါ်ကို ဖျော်ဖြေတယ်။

"ကိုကိုကတာ ကြည့်ရဆိုးလား"

"ဟင့်အင်း...ချစ်ဖို့ကောင်းတယ်။ ချစ်ဖို့ကောင်းလွန်းလို့ သူများတွေချစ်သွားမှာ ကျွန်တော်ကြောက်တယ်"

Have You Ever Been In Love?Where stories live. Discover now