Part (21)

3K 244 0
                                    

Unicode

"ကိုကိုရုပ်ရှင်ရိုက်ရတော့မယ်ရိပေါ်"

ကိုကိုအားတက်သရောပြောလာတဲ့ စကားတစ်ခွန်းက ရိပေါ်ကို စိတ်ရှုပ်ထွေးသွားစေတယ်။

"ဘယ်တော့ရိုက်ရမှာလဲ ကိုကို"

"နောက်လတဲ့ ကိုကိုက second lead နေရာကသရုပ်ဆောင်ရမှာ"

"ကောင်းတာပေါ့ကိုကို ရုပ်ရှင်လောကမှာပါ ကိုကိုနာမည်ရလာတာပေါ့"

"အင်း....ကိုကိုစိတ်လှုပ်ရှားတယ်ပျော်လဲပျော်တယ်"

"ကိုကိုပျော်ရင် ကျွန်တော်လဲပျော်တယ်"

"ရိပေါ်"

"ဟင်"

"နောက်ဆိုကိုကိုတို့နှစ်ယောက်လုံးအလုပ်တွေရှုပ်လာတော့မှာ အခုလိုအနားရတဲ့ အချိန်လေး အတူတူအချိန်ဖြုန်းရအောင်နော်"

"အင်းကိုကို့သဘော"

သို့ပေမဲ့ ဆက်တိုက်ပေါ်လာတဲ့ အလုပ်ကိစ္စတွေကြောင့် နှစ်ယောက်လုံးမအားရ။ ဘဝဆိုတာဒီလိုပါပဲ အတူလုပ်ဖို့တိုင်ပင်ထားတဲ့ အရာတွေကပါးစပ်နဲ့ စီစဥ်ရင်းနဲ့ပဲ အချိန်တွေကုန်သွားတာမျိုး။

"ပွဲတစ်ခုတက်စရာရှိတယ် ရှောင်းကျန့်"

မန်နေဂျာအစ်မက ရှောင်းကျန့်ကို အသိပေးလာ​တော့ အံသြသွားတယ်။

"ကျွန်တော့်ကိုဖိတ်လို့လားကျဲ"

"အေး မင်းကအနုပညာလောကထဲမှာနာမည်ရနေပြီ ပြီးတော့မင်းပရိသတ်ကလဲများတယ်။ဒီပွဲက social media တွေချိတ်ဆက်ပြီးလုပ်တာဆိုတော့ မင်းက လောလောဆယ် social media မှာ Hot ဖြစ်နေတဲ့သူ။ မင်းကိုသူတို့က တကူးတကကိုဖိတ်တာ"

"ဟုတ်ကျဲ ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ်"

"မင်းပြင်ဆင်စရာမလိုဘူး မင်းအတွက် stylist ရော makeup artist ပါခေါ်ထားတယ်"

"ဟုတ်ကဲ့ကျဲ"

ရှောင်းကျန့်ပထမဆုံး အနုပညာလောကသားတွေ တက်တဲ့ပွဲကိုတက်ရမှာဆိုတော့ စိတ်လှုပ်ရှားပြီး လန့်နေမိတယ်။ အဲ့အချိန်မှာ ဖုန်းထဲကို message ဝင်လာလို့ကြည့်လိုက်တော့ ရိပေါ်ဆီက

Have You Ever Been In Love?Where stories live. Discover now