Part (11)

3.1K 299 1
                                    

Unicode

ရှောင်းကျန့်ရုံးကို ရောက်တော့ ဝန်ထမ်းမိန်းကလေးတွေက ကျွတ်စီကျွတ်စီနဲ့ စကားတွေပြောရင်း ငြင်းခုံနေကြတယ်။

"ရှောင်းကျန့်ကောကော ဝမ်ရိပေါ်ကိုသိလား"

"ဟမ်"

သူ့လုပ်ဖော်ကိုင်ဖက် ညီမလေးက ရှောင်းကျန့်ကို မေးလာတော့ ရှောင်းကျန့်လန့်သွားတယ်။

"သိသလိုလိုပဲ...ဘာလို့လဲ"

"သူ့အကြောင်းပြောနေကြတာလေ ကောသူက အရမ်းချောတာပဲ ကြည့်ကြည့်...ချောတယ်မလား။"

"အေး...ချောပါတယ်"

"မနေ့က သူ့အင်တာဗျူးတစ်ခုတက်လာလို့ ညီမလေးတို့ ကြည့်နေကြတာ။ ကောကိုဖွင့်ပြမယ်"

"Interviewer: ရိပေါ်ရဲ့ ideal type ကဘယ်လိုမိန်းကလေးမျိုးလဲ။

WYB: အင်း ideal type ရယ်လို့မရှိပါဘူး ကျွန်​တော်ချစ်ရင်ပြီးတာပဲ။

Interviewer: ရိပေါ်က ကိုယ့်ထက်အသက်ကြီးတာကို ကြိုက်လားငယ်တာကြိုက်လား။

WYB: သေချာပေါက်ကျွန်​တော့်ထက်ကြီးတာပေါ့။

Interviewer: ဆံပင်အတိုအရှည်

WYB: ဆံပင်အတို...အရပ်ရှည်ရှည်...နှုတ်ခမ်းလှလှ...အင်းယုန်သွားလေးနဲ့ဆို ချစ်ဖို့ကောင်းမယ်။ နှုတ်ခမ်းအောက်မှာမှဲ့​လေးပါရင်တော့ လုံးဝပြည့်စုံသွားပြီ အရမ်းလှသွားမှာ။

Interviewer: ရိပေါ်အကြိုက်ကအသေးစိတ်ကျလိုက်တာ။ ခုသဘောကျတဲ့သူတွေ့နေပြီလား။

WYB: တွေ့နေပြီပဲပြောရမှာပေါ့ ကျွန်တော်ကတစ်ဖတ်သတ်ပါ သူကတော့ ကျွန်တော့ကို ပြန်မကြိုက်ဘူးဗျ။

Interviewer:မိန်းကလေးတိုင်းသဘောကျတဲ့ ရိပေါ်ကို ငြင်းတဲ့မိန်းကလေးက ဘယ်သူများပါလိမ့်နော်...။

videoပြီးခါနီးမှာ ရိပေါ်က ကင်မရာကိုတည့်တည့်ကြီးပြီး သူ့မူပိုင် it's me အပြုံးကြီးနဲ့ပြုံးလိုက်တော့ ရှောင်းကျန့် ပူထူပြီး မျက်နှာကြီးရဲလာကာ အနားကရေဘူးကိုအရှက်​ပြေ ယူသောက်လိုက်တယ်။

"ရှောင်းကျန့်ကောကော...ညီမလေးရယ်ရတာတစ်ခုပြောပြမယ်...."

"အင်း"

Have You Ever Been In Love?Where stories live. Discover now