Part (22)

2.6K 250 8
                                    

Unicode

ကိုကိုကတော့ ခဏဆိုပြီး ပြန်သွားတာပဲ။ ကိုကို့ရဲ့ ခဏကခြောက်လလောက်ကြာသွားတယ်။ အိမ်ချင်းက မျက်နှာချင်းဆိုင်ဆိုတော့ ကိုကို့ကို နေ့တိုင်းတော့မြင်နေရပါတယ်။ အတူမရှိနိုင်တာကလွဲလို့ပေါ့။ ခြောက်လအတွင်းမှာတော်တော်များများဖြစ်ပျက်သွားတယ်။ ကျွန်တော့ဇာတ်ကားတွေက ကြည့်ရှုနှုန်းထိပ်ဆုံးမှာပဲ အမြဲရှိနေတယ်။ ကျွန်တော့ကို ကမ်းလှမ်းထားတဲ့ ဇာတ်ကားတွေအများကြီးထဲကမှ စိတ်ကြိုက်ရွေးပြီး လက်ခံထားတာတောင် အတော်များနေသေးတယ်။ ကိုကိုနဲ့ပတ်သက်တဲ့ စိတ်လေမှုတွေကို ကျွန်တော် အလုပ်ထဲမှာအာရုံစိုက်ထားပြီး ဖြေဖျောက်ဖို့ကြိုးစားတယ်။ ကိုကိုလား....ကိုကို့ကတော့....ဘယ်လိုနေမလဲ ကျွန်တော်မသိဘူး။ အခုအချိန်မှာ ကိုကို့အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပဲ။ အခုလည်းဆုတွေသိမ်းကြုံးယူနေတဲ့ကိုကိုက ဆုတစ်ဆုထပ်ရပြန်တယ်။

"Congratulations ကိုကို...ကိုကိုဆုရတယ်ကြားလို့ကျွန်တော်ဝမ်းသာတယ်။ ပြီးတော့...ကျွန်တော်မပြောရတာကြာပြီ သိပ်ချစ်တယ်ကိုကို....."

ကျွန်တော်ဖုန်းဆက်တိုင်း လူကြီးမင်းနဲ့တိုးတော့ ဒီတစ်ခါ message ပဲပို့လိုက်တယ်။ ကိုကိုဖတ်ကြည့်ချင်မှ ဖတ်ဖြစ်မယ်ဆိုပေမဲ့ပေါ့။

"ကျေးဇူးရိပေါ်"

ကိုကိုပြန်ပို့လာတဲ့ message ကြောင့် အပျော်တစ်ဝက် စိတ်မကောင်းတာ တစ်ဝက်နဲ့။ ကိုကို ပြန်ပို့တဲ့စာက သူငယ်ချင်းတစ်ယောက်ကို ပြန်ပို့သလိုမျိုး စိမ်းကားမှုတွေက အတိုင်းသား။ ဝတ်ကျေတမ်းကြေဆန်လွန်းတယ် ကျွန်တော်စိတ်ထင်တာလဲ ဖြစ်မှာပါ။

ဘာလိုလိုနဲ့ တစ်နှစ်တောင်ကုန်သွားတယ်။ ခင်ဗျားတို့တော့ မြန်လွန်းတယ်ထင်မှာပေါ့။ ကျွန်​တော့်အတွက်က ကြာလွန်းလို့ အချိန်တွေမကုန်တော့ဘူးလားလို့​တောင် ထင်မိတယ်။ တစ်နှစ်အတွင်းမှာ ဘာတွေဖြစ်နိုင်လဲ။ တစ်နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ရဲ့ဘဝကို ကောင်းကောင်းကြီးပြောင်းလဲသွားစေနိုင်တာပေါ့။ ဘာတွေပြောင်းလဲသွားလဲဆိုတော့..............။

ရှောင်းကျန့်က သူ့ကိုတိုက်ခိုက်ကြတဲ့ anti တွေ အနုပညာလောကသားအချင်းချင်း ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေကြားကနေ အအောင်မြင်ဆုံး အနုပညာရှင်​ဖြစ်လာတယ်။ တရုတ်နိုင်ငံမှာတင်နံပါတ်တစ်မင်းသားဖြစ်ရုံမကပဲ အာရှမှာပါ လွှမ်းမိုးမှုရှိတဲ့ မင်းသားတစ်လက်ဖြစ်လာခဲ့တယ်။ အလုပ်ကိုကြိုးစားပြီး fan တွေချစ်အောင်လဲနေတတ်တဲ့ အပြင် စိတ်ထားနူးညံ့ပြီး ကိုယ့်ကိုကိုယ်လဲ နှိမ့်ချတတ်တာကြောင့် ဝါရင့်အနုပညာရှင်တွေကပါ ချီးကျူးပြီး လက်တွဲခေါ်ကြတယ်။ အတူဇာတ်ကားတွဲရိုက်ဖူးတဲ့ ရုပ်ရှင်မင်းသမီးတွေနဲ့ dating သတင်းထွက်တိုင်း အမြဲတန်းဖြေရှင်းတတ်တယ်။ interview တွေမှာတော့ သူဟာ အလုပ်များလွန်းလို့ အချစ်ရေးဘက်ကို အချိန်မပေးနိုင်ပါဘူးလို့ဖြေလေ့ရှိတယ်။
________________________
အရင်တုန်းက ကိုကိုက ကျွန်တော့်ရဲ့ fan တဲ့။ အခုကျွန်တော်က ကိုကို့ရဲ့ fan boy လေးဖြစ်နေပြီ။ ကိုကို့ရဲ့ ဇာတ်ကားတွေမလွတ်တမ်းကြည့်တယ်။ မင်းသမီးနဲ့ ကိုကို့ရဲ့ ro ခန်းတွေကြည့်မိရင် တစ်ယောက်ထဲပေါက်ကွဲလိုက် ငိုလိုက်နဲ့။ ကိုကို့interview တွေကြည့်ပြီး ကိုကို့ကို အလွမ်းဖြေလိုက်လုပ်နေရတယ်။ ကိုကိုက အရင်ကလို ဒီဇိုင်နာကောင်လေး မဟုတ်တော့လို့ ရိပေါ်လွမ်းတိုင်းသွားချောင်းလို့မရတော့ဘူး။ ကိုကိုဘယ်တွေရောက်နေမှန်းတောင် ရိပေါ်မသိရပါဘူးလေ။

Have You Ever Been In Love?Where stories live. Discover now