Part (30)

2.8K 232 3
                                    

Unicode

မနက်စောစော အိပ်ရာထတာနဲ့ ရှောင်းကျန့်မေးလ်ကို စစ်ကြည့်တော့ ကျိရန်ဆီမှ မေးလ်တစ်စောင်ဝင်နေတာကို တွေ့လိုက်တယ်။ သူတရုတ်ပြည်က ထွက်လာကတည်းက ကျိရန်ကိုတော့ အဆက်အသွယ်လုပ်ဖြစ်တယ်လေ။ ယုံကြည်ရတဲ့ သူငယ်ချင်းကလဲ သူတစ်ယောက်ပဲ ရှိတာမို့။ တခါတလေကျ ကျိရန်ကနေတစ်ဆင့် ပါးနဲ့မားကို ဆက်သွယ်တတ်တယ်။

"ရှောင်းကျန့် ဝမ်ရိပေါ်က အနုပညာလောက ကနေအနားယူလိုက်ပြီတဲ့ ငါသတင်းတစ်ပုဒ်တွေ့ထားတယ်။ မင်းသိပြီးပြီလား"

"အေးသိပြီးပြီ သူကအခုငါနဲ့အတူရှိနေတာ"

"ဪ မင်းတို့နှစ်ယောက် အဆင်ပြေသွားပြီလား"

"အင်း အဆင်ပြေသွားပါပြီ။ ဒီတစ်ခေါက်တော့ ဘာအကြောင်းနဲ့မှ သူ့ကိုလက်လွှတ်မှာ မဟုတ်ဘူး"

"အဆင်ပြေသွားတာ ဝမ်းသာပါတယ်။"

"ကျေးဇူးပါပဲ ကျိရန်"

ရှောင်းကျန့်က လပ်တော့ကို ပြန်ပိတ်လိုက်ပြီး မနက်စာသွားပြင်လိုက်တယ်။ အိပ်ပုတ်လေးက ခုထိမထသေးဘူး မြန်မြန်မနက်စာပြင်မှပါ။ နိုးနိုးချင်းသူ့ကိုမတွေ့ရင် ကလေးလို ငိုနေဦးမှာလေ။

မနက်စာကို ခပ်သွက်သွက်ပြင်ပြီးတော့ ခြင်္သေ့ပေါက်လေးကို နှိုးဖို့ အခန်းထဲဝင်သွားလိုက်တယ်။ ကုတင်ပေါ်မှာ နိုးနေတဲ့ ဆံပင်စုတ်ဖွားနဲ့ ခြင်္သေ့ပေါက်လေးက ရှောင်းကျန့်ကို မြင်တော့ ပြုံးပြပြီး သူခြုံထားတဲ့ စောင်ကို သေချာပြန်ခေါက်နေတယ်။

"morning ကိုကို"

"အင်း morning"

ရိပေါ်က သဘက်တစ်ထည်ယူပြီး ရေချိုးခန်းထဲဝင်သွားတယ်။ morning kiss ပေးနေကြကိုမေ့သွားတာလား။ နောက်မှပေးမလို့လား။ ရှောင်းကျန့်ဇဝေဇဝါနဲ့ပဲ ရိပေါ်အတွက် အဝတ်အစားတွေထုတ်ပေးနေလိုက်တယ်။ ရေချိုးခန်းထဲက ပြန်ထွက်လာတဲ့ ရိပေါ်ကို ရှောင်းကျန့်က အဝတ်အစားတွေလှမ်းပေးလိုက်တော့

"ကျေးဇူး"

"ဟင် ရိပေါ် ဘာလို့ကျေးဇူးတင်နေတာလဲ"

"အင်္ကျီယူပေးလို့လေ နောက်တစ်ခါကျွန်တော့်ဘာသာ ယူပါ့မယ် ကိုကို့ကို အားနာလို့ပါ"

Have You Ever Been In Love?Where stories live. Discover now