Part (33)

3.1K 221 5
                                    

Unicode

"မနေ့ညက ကိစ္စကျွန်တော်တောင်းပန်ပါတယ်ကိုကို။ ကိုကိုမကျေနပ်ရင် ဒီနေ့ည...."

"တော်ပြီ ဒီနေ့လဲမရဘူး ​နောက်နေ့လဲမရတော့ဘူး"

"ကိုကိုကလဲ"

"ပြန်တွေးမိတိုင်းရှက်ဖို့ကောင်းတယ်။ မင်းကြောင့်....."

"ဟုတ်ပါပြီ ကျွန်တော်မှားပါတယ်ကိုကိုရဲ့"

"Gallery သွားတော့မယ် စက်ဘီးသွားယူလာခဲ့"

"ဟုတ်ကဲ့ပါဗျ"

ရိပေါ်က စက်ဘီးပြေးယူလိုက်ပြီး ရှောင်းကျန့်ကို လိုက်ပို့ပေးတယ်။ ရှောင်းကျန့်စက်ဘီးပေါ်ကဆင်းတော့ မျက်နှာလေးကို အတင်းဆွဲယူပြီး တစ်နေ့တာအတွက် အားဖြည့်တယ်ဆိုကာ တစ်ဝကြီးနမ်းသွားသေးတယ်။ မနေ့ကဖြင့် ထိရုံလေးနမ်းလိုက်တာကို မျက်နှာရဲပြီးရှက်သွားတာ သူမဟုတ်တဲ့အတိုင်း။

"Hey Sean ယူ့ဘေဘီက ဘယ်လိုတောင်လဲ။ မနေ့တုန်းက အရှက်ကြီးတဲ့ ကလေးမှဟုတ်ရဲ့လား။ Sean နင်မနေ့ညက ကလေးကို ဘာဆေးတွေကျွေးလိုက်တာလဲ"

"Don't be ridiculous Martha ရယ်"

"Ha ha"

နေ့ခင်းထမင်းစားချိန်ရောက်​တော့ စက်ဘီးဘဲလ်သံကလင်လင်နှင့် ရောက်လာပါပြီ ကျွန်တော့ရဲ့ ပုတ်သင်ညိုလေး။

"ကိုကိုရေ ကိုကိုထမင်းစားကြမယ်"

"လာပါပြီကွ အသံကျယ်ကြီးနဲ့အော်နေရလား ဧည့်သည်တွေရှိနေတာကို"

"Oh, my apology ဟီး လာပါဦးကိုကိုဖက်ထားချင်လို့"

"အာ...လူတွေနဲ့...."

ရိပေါ်က ရှောင်းကျန့်ကိုယ်လုံးလေးကို ဖက်ထားပြီး ကိုယ်သင်းနံ့လေးကို တဝကြီးရှူရှိုက်လိုက်တယ်။

"လွမ်းလိုက်တာကိုကိုရယ် အရမ်းလွမ်းတာပဲ"

"အပိုတွေ မတွေ့ရသေးတာဖြင့် လေးနာရီလောက်ရှိသေးတာကို"

"မသိဘူးလွမ်းတယ် အချိန်တိုင်းလွမ်းနေတာ"

"မင်းနေ့တိုင်းဒီလိုမျိုးဆိုကောင်းမှာပဲ"

"တောင်းပန်ပါတယ်ကိုကို ကျွန်​တော့်ကြောင့် စိတ်ရှုပ်နေရပြီလားဟင်"

Have You Ever Been In Love?Where stories live. Discover now