Part (13)

3.2K 285 4
                                    

Unicode

ရှောင်းကျန့် ရိပေါ်နဲ့ ချစ်သူဖြစ်ပြီးတော့ ရိပေါ်အိမ်မှာပဲနေဖြစ်တာများတယ်။ ရိပေါ်က ဒဏ်ရာတွေပြန်မကောင်းသေးတော့ အနားမှာ ကူမပေးလို့မရဘူး။ ရှောင်းကျန့်က ခွင့်တောင်ယူထားပြီး ရိပေါ်ဘေးမှာဘဲ နေပေးတယ်။

"ရိပေါ်"

"ဗျာ"

"​နေ့လယ်စာ ဘာလေးစားချင်လဲ"

"ကိုကို ကြိုက်တာချက်ပါ။ ကိုကို့လက်ရာက အကုန်စားကောင်းပြီးသား"

"အွန်း....ကြက်သားသုပ်လေးစားမလား မင်းကြိုက်တဲ့နံနံပင်များများနဲ့"

"နံနံပင်မပါလဲရတယ်။ ကိုကို့အချစ်တွေထည့်ပေး"

"ဟား..ရိပေါ်...မင်းဘယ်တုန်းက စကားအဲ့လောက်တတ်သွားတာလဲ"

"အချစ်ကသင်ပေးတာ"

"ဟားဟား...ဟုတ်ပါပြီ ခဏစောင့်နော် ကိုကိုဟင်းသွားချက်လိုက်ဦးမယ်"

"ဟုတ်"

ရိပေါ်...ရှောင်းကျန့်နဲ့ နီးနီးကပ်ကပ်နေရတော့ သူသိလာက ရှောင်းကျန့်က ဟန်ဆောင်ကင်းတယ်။ သူ့ရဲ့ ဘာမဟုတ်တဲ့ အပြုအမူလေးတွေကအစ တမင်လုပ်ယူထားတာမျိုးမဟုတ်ဘဲ ချစ်ဖို့ကောင်းနေရော။ လူကသာ အသက်သုံးဆယ်ပြည့်တော့မှာ ကလေးစိတ်ကမကုန်သေးဘူး။ ကာတွန်းကားလဲ ကြိုက်တတ်တယ်။ အရုပ်တွေဆိုတာလဲ သူ့အိမ်မှာ အပြည့် ခုရိပေါ်အိမ်မှာပါ သူ့အရုပ်တွေထားထားသေးတယ်။

"ရိပေါ်...ဒီမှာကြည့်ပါဦး...ဟင်းရွက်မှာပါလာတာ"

ရှောင်းကျန့်က မုန်ညင်းရွက်မှာကပ်ပါလာတဲ့ ခူကောင်လေးကို ရိပေါ်ဆီယူလာပြတယ်။

"ရွံစရာကြီး...."

"ရွံစရာမကောင်းပါဘူး သနားစရာကောင်းတာပါ။ တော်သေးတာပေါ့ကိုကိုတွေ့လိုက်လို့ မဟုတ်ရင် သူဟင်းထဲပါသွားပြီး မင်းစားတာခံလိုက်ရမှာ"

ကိုကိုပြောမှ ရိပေါ် အန်ချင်စိတ်ပေါက်လာတယ်။

"ကိုကို လွှင့်ပစ်လိုက်လေ"

"သနားစရာလေး...ဒီမှာ သေချာကြည့် သိပ်တောင် မလှုပ်နိုင်တော့ဘူး တွန့်လိမ်တွန့်လိမ်နဲ့...."

Have You Ever Been In Love?Where stories live. Discover now