Part (35)Final

6.1K 357 36
                                    

Unicode

"ကိုကို ကော်ဖီစေ့တွေလာပို့တယ်။"

ဆိုင်ရှေ့ကို ကော်ဖီစေ့ပို့တဲ့ကား ရောက်လာတော့ ရိပေါ်က ရှောင်းကျန့်ကို လှမ်းအော်လိုက်တယ်။ ကောင်တာမှာထိုင်နေတဲ့ ရှောင်းကျန့်က မတ်တပ်ထရပ်တော့ မိုက်ခနဲမူးသွားတယ်။

"အာ....ဘာဖြစ်တာပါလိမ့် အိပ်ရေးပျက်လို့များလား"

​ငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်တော့ သက်သာသွားတယ်။ နေ့လယ်ထမင်းစားချိန်ရောက်တော့လဲ ရိပေါ်ရယ် ရှောင်းကျန့်ရယ် ကောင်လေးနှစ်ယောက်ရယ် ထမင်းစားဖို့ပြင်ကြတယ်။ ရှောင်းကျန့်က ထမင်းတစ်လုတ်နှစ်လုတ်ဝင်ကာရှိသေး ရင်ထဲမှာ ပျို့တက်လာပြီး ရုတ်တရက်အန်ချင်လာတာကြောင့် toilet ကိုပြေးရတယ်။ ရိပေါ်ကလဲ စိုးရိမ်တကြီးပြေးလိုက်သွားတယ်။

"အော့.....ဝေါ့........"

"အစာမကြေဘူးနဲ့တူတယ် ကိုကိုရယ် အိမ်ပြန်ပြီးနားနေလိုက်ပါလားဟင်"

"ရ.....ရတယ်"

"ခုတလော ကိုကို့ကို ကြည့်ရတာ အစားလဲသိပ်မစားဘူး။ ဆေးရုံသွားကြည့်မလားကိုကို"

"မသွားချင်ဘူး။ ဘာမှမဖြစ်ပါဘူးကွာ ခဏနေသက်သာသွားလိမ့်မယ်"

ရိပေါ်က အိမ်ပြန်နားစေချင်ပေမဲ့ ရှောင်းကျန့်က ပြောလို့မရတော့ တစ်နေကုန် စိတ်ပူပူနဲ့ပဲ အရိပ်တကြည့်ကြည့် ကြည့်နေရတယ်။

ဆိုင်သိမ်းပြီး အိမ်ပြန်ရောက်တဲ့အခါမှာ ရှောင်းကျန့်က တံခါးဝမှာတင် သတိလစ်ပြီး လဲကျသွားတယ်။

"ကိုကို......ကိုကို....သတိထားပါဦးကိုကို"

ရိပေါ်က ရှောင်းကျန့်ကိုဖက်ပြီး ငိုနေတယ်။ ပြီးတော့မှ Martha တို့ဆီဖုန်းဆက်ပြီး အကူအညီလှမ်းတောင်းပြီး ရှောင်းကျန့်ကို ညတွင်းချင်းဆေးရုံတင်လိုက်ရတယ်။
________________________
ရှောင်းကျန့် သတိရလာတော့ သူ့လက်ကလေးကို ကိုင်ရင်း ငိုနေတဲ့ ရိပေါ်ရယ် ဘေးမှာစိုးရိမ်နေတဲ့မျက်နှာနဲ့ Martha တို့ဇနီးမောင်နှံရယ်ကို တွေ့လိုက်ရတယ်။

"ရိ...ရိပေါ်ဘာလို့ငိုနေတာလဲဟင် ကိုကို့မှာ ကုလို့မရတဲ့ရောဂါရှိနေတာလား"

Have You Ever Been In Love?Where stories live. Discover now