Part (7)

3.7K 348 8
                                    

Unicode

ရိပေါ် ရှောင်းကျန့်ကို ချေနေတာ တစ်ရက်နဲ့ သုံးနာရီ ရှိပြီဆိုတော့ သူရဲ့ စီမံကိန်းကြီးကို ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ သူ့ခြေလှမ်းတွေက ရှောင်းကျန့်ဆီကို ဦးတည်သွားတယ်။

"ကျန့်....ကော"

လူဆိုးကြီးကျန့်ကျန့်က ဒီနေ့လဲ လုလုနဲ့ အပြင်သွားတယ်။ အရင်နေ့တွေနဲ့မတူတာက ဒီနေ့ လုလုတစ်​ယောက်ထဲမဟုတ်ဘူး မိန်းကလေးတွေ တအုပ်ကြီးနဲ့။ ရိပေါ်လေး အသားတွေ တဆတ်ဆတ်တုန်လာတယ်။ သူ့အပိုင်ဖြစ်ရမယ့် ကိုကို့ကို သူများတွေဦးမှာ မလိုချင်ဘူး။ ကိုကိုက ရိပေါ်ရဲ့ soulmate ဖြစ်မယ့်သူ။ ကံကြမ္မာက ဆုံးဖြတ်ထားပြီးသား ဘယ်သူပြောတာလဲမမေးနဲ့ ရိပေါ်ပြောတာ။ ရိပေါ်အချိန်မနှောင်းခင် ကိုကို့ကို ဖွင့်ပြောဖို့ကြံတော့မယ်။ ကိုကိုက ရိပေါ်ရဲ့ နေ့တိုင်းခင်းနေရတဲ့ ​စျေးဗန်းကြီးကို မမြင်ဘူး။ ဘာဖြစ်ဖြစ် ဒီည ရိပေါ်လေး ဆို့အောက်ဖြစ်ဖို့အ​ရေးဒို့အရေးပဲ... ကိုကိုနင်ပြေးစမ်း....။

ရှောင်းကျန့် ကောင်မလေးတွေကို မြို့ထဲလိုက်ပြပြီးတော့ ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတယ်။ မိန်းကလေးတစ်သိုက်ရဲ့ ကျွတ်ကျွတ်ညံနေတဲ့ အသံတွေတစ်နေကုန်နားထောင်ခဲ့ရတာ နားတွေအူပြီး လေတွေထွက်နေသလိုပဲ သူတို့ကို ဓာတ်ပုံလဲလိုက်ရိုက်ပေးရတော့ ခုဆို ကိုယ့်ခြေထောက်တောင် ကိုယ်မသယ်နိုင်တော့။

ရိပေါ် ရှောင်းကျန့်ရဲ့ တိုက်ခန်းရှေ့မှာ စောင့်နေတုန်း တိုက်ပွဲဝင်ပြီးပြန်လာတဲ့ စစ်သည်ကြီးလို ဖြေးဖြေးချင်းလျှောက်လာတဲ့ သူ့ကိုကိုကိုတွေ့တယ်။

'တော်တော်တောင် ပင်ပန်းနေပုံပဲ မိန်းကလေးအုပ်လိုက်ကြီးနဲ့.....အာ...ရိပေါ်တော်စမ်း...ညစ်ပတ်တဲ့အတွေးတွေ ရှူး...ရှူး'

"ကျန့်ကော!!!"

ရှောင်းကျန့် သူ့ရှေ့မှာ ခါးထောက်ပြီး ဆောင့်ကြီးအောင့်ကြီးအော်ခေါ်လိုက်တဲ့ ရိပေါ်ကြောင့် လန့်သွားတယ်။

"ရိပေါ်"

"ကျွန်တော်ဖုန်းခေါ်တာဘာလို့မကိုင်တာလဲ"

Have You Ever Been In Love?Where stories live. Discover now