Part (16)

2.8K 284 0
                                    

Unicode

အဲ့ဒီနေ့က အရာအားလုံးစတင်ခဲ့တဲ့နေ့။ အမှားတွေ၊ နောင်တတွေ၊ ဝေးကွာခြင်းတွေ စတင်ခဲ့တဲ့နေ့။ ကျွန်တော်သာ ကြိုသိနိုင်ခဲ့ရင် အဲ့ဒီနေ့ကို အစကပြန်ပြင်ချင်တယ်။ ခုတော့ ပြင်ဆင်လို့မရတော့တဲ့ အချိန်လွန်ခြင်းတွေက ကျွန်တော့်အမှားကြောင့်....ကိုကိုလား...ကိုကိုကတော့အမှားမရှိသလိုအပြစ်လဲမရှိပါဘူး။ ကျွန်တော်ကသာ အပြစ်ရှိတဲ့သူ။

ရိပေါ် ဒီနေ့ကိုကို့ကို သူ့ရဲ့ကြော်ငြာရိုက်ကွင်းတစ်ခုဆီ ခေါ်သွားတယ်။ ရှောင်းကျန့်က အစတော့မလိုက်ချင်ပေမဲ့ ရိပေါ်အလုပ်လုပ်နေတဲ့ပုံစံကို ကြည့်ချင်တာကြောင့် လိုက်လာခဲ့တယ်။

ရိုက်ကွင်းရောက်တော့ ရိပေါ်က ရှောင်းကျန့်ကို သူ့အနားမှာပဲနေခိုင်းတယ်။

"ရိပေါ်...သူငယ်ချင်းခေါ်လာတာလား"

"ဟုတ်ကဲ့ ဒါကျွန်တော့်ရဲ့ အာ...အရမ်းကောင်းတဲ့ သူငယ်ချင်းပါ ရှောင်းကျန့်တဲ့"

"နိဟောင်...ရှောင်းကျန့်ပါ"

"ရိပေါ်ရဲ့ သူငယ်ချင်းက ကြည့်ကောင်းတယ်နော်။ model လား"

"မဟုတ်ပါဘူးဗျ၊ ကျွန်တော်ကအပြင်ကပါ"

ဒါရိုက်တာတွေရော staff တွေကပါ ရှောင်းကျန့်ရဲ့ ရုပ်ရည်ကို ချီးကျူးနေကြတော့ ရှောင်းကျန့်က ရှက်နေသလောက် ရိပေါ်က ဂုဏ်ယူနေမိတယ်။

ရိပေါ်က အလှကုန်ပစ္စည်းတစ်ခုကြေညာရိုက်နေတော့ make up လိမ်းထားတဲ့ မျက်နှာက အရမ်းကို ဆွဲဆောင်မှုပြင်းနေတယ်။ ရှောင်းကျန့် ရိပေါ်ရဲ့ အမူအရာတိုင်းကို မျက်တောင်မခတ်တမ်းလိုက်ကြည့်နေတယ်။

"ကိုကိုစောင့်ရတာ ပျင်းနေပြီလား"

ရိုက်ကွင်းခဏနားတော့ ရိပေါ်ကရှောင်းကျန့်နား ကပ်ပြီးမေးလိုက်တယ်။

"မပျင်းပါဘူး မင်းအလုပ်လုပ်တာကို ထိုင်ကြည့်နေရတာ သဘောကျတယ်...."

သူ့ဘာသာပြောပြီး ပြန်ရှက်နေတဲ့ ကိုကို့ကို ရိပေါ် အသည်းယားလာတယ်။

"ကိုကိုကျွန်တော်နဲ့ခဏလိုက်ခဲ့"

ရိပေါ်က ဘယ်သူမှမသိအောင် ရှောင်းကျန့်ကို အဝတ်လဲခန်းထဲဆွဲခေါ်လာတယ်။

Have You Ever Been In Love?Where stories live. Discover now