Part (28)

2.7K 230 14
                                    

Unicode

ညနေစောင်းချိန်ဆိုရင် Bandon မြစ်ဘေးမှာ လေညှင်းခံတဲ့သူအချို့နဲ့၊ ဂစ်တာတီးပြီး သီချင်းဆိုနေကြတဲ့ လူငယ်လေးတွေရှိနေတတ်တယ်။

"ရိပေါ် ခဏနော်"

ရှောင်းကျန့်က ရိပေါ်အနားက ထသွားပြီး အနားက ကျောင်းသားလူငယ်လေးတွေဆီမှာ ဂစ်တာတစ်လက်သွားငှားလိုက်တယ်။ သဘောကောင်းပုံရတဲ့ ကလေးတွေက သူတို့ကိုလည်းနားထောင်ခွင့်ပြုပါဆိုပြီး ရှောင်းကျန့်ကို ဂစ်တာငှားလိုက်ကြတယ်။ ရှောင်းကျန့်က ကျေးဇူးတင်ကြောင်းပြောကာ သူတို့ပေးတဲ့ ဂစ်တာလေးကိုင်ပြီး ရိပေါ်ဘေးကို ပြန်ရောက်လာတယ်။

"I wanna sing this song for my boyfriend to express how much I love him."

တက္ကသိုလ်ကျောင်းသားလေးတွေက တဝိုးဝိုးနဲ့ အော်နေကြတယ်။ ရိပေါ်ကတော့ ပြုံးလို့ ရှောင်းကျန့်ကို ချစ်ရည်ရွှန်းလဲ့တဲ့မျက်ဝန်းတွေနဲ့ ကြည့်နေတယ်။ 'ဒီမျက်ဝန်းတွေက ကျွန်တော့်ကို အကြိမ်ကြိမ်ကျရှုံးစေတယ်။ နောက်ဘဝဆိုတာရှိခဲ့ရင်တောင် ဒီလူသားတစ်ယောက်ထဲကိုပဲ စွဲလမ်းစေတဲ့အထိ ပြုစားနိုင်လွန်းတယ်'။

ရှောင်းကျန့်က ဂစ်တာကြိုးကို ညှိပြီး သီချင်း စဆိုတယ်။

"Another day.....without your smile
Another day.....just passes by
Now I know how much it means
For you to stay right here with me
Time we spent apart will make our love grows stronger........
But it hurts so bad and I can't take it longer"

ဒီနှုတ်ခမ်းပါးလေးနဲ့ ဒီအသံလေး ကျွန်တော့်ကို ပထမဆုံးရူးသွပ်စေခဲ့တာ။ ဒီလူသားလေးကို ကျွန်တော် တစ်ဘဝလုံးပုံပြီးချစ်ခဲ့တယ်။ ဒီလူသားကြောင့် အရာရာကို စွန့်လွှတ်ခဲ့တယ်။ အချစ်တစ်ခုထဲနဲ့ ကျွန်တော်ဟာ ဆင်ကန်းတောတိုးသလို မိုက်ရူးရဲဆန်ခဲ့တယ်။ နာကျင်ရတဲ့ အချစ်နွံထဲကိုမှ ကျွန်တော်ဟာ ပိုးဖလံတစ်ကောင်လို အကြိမ်ကြိမ်တိုးဝင်ခဲ့တယ်။ ကျွန်တော်သူ့ကို ဆက်ချစ်သင့်ရဲ့လား.......

"I wanna grow old with you
I wanna die lying in your arms
I wanna grow old with you
I wanna be looking in your eyes
I wanna be there for you
sharing everything you do
I wanna grow old with you"

ရှောင်းကျန့် သီချင်းစဆိုကတည်းက ကျောင်းသားလေးတွေက လက်ခုပ်တွေတီးပြီး အချို့ကလဲ ဖုန်းနဲ့ video ရိုက်ထားကြတယ်။ ရှောင်းကျန့်က ရီဝေဝေမျက်ဝန်းတွေနဲ့ ရိပေါ်ကိုတစ်ချက်ကြည့်ပြီး သီချင်းဆိုနေရင်းက မျက်ရည်တွေကျလာတယ်။

Have You Ever Been In Love?Where stories live. Discover now