Part (24)

2.5K 223 4
                                    

Unicode

Social Influencer Awarding Ceremony

ပွဲကျင်းပရာနေရာကို အနက်ရောင်ပြောင်လက်နေသည့် ကားတစ်စီးထိုးရပ်လိုက်ပြီး ကားပေါ်ကနေ လူတစ်ယောက်ဆင်းလာတယ်။ သူကတော့ ရုပ်ရှင်လောကမှာ Aအဆင့်ရထားတဲ့ သရုပ်ဆောင်ရှောင်းကျန့်။ ရှောင်းကျန့် ပွဲထဲကို ဝင်လိုက်တာနဲ့ သတင်းထောက်တွေက အချိုတွေ့တဲ့ ပုရွက်ဆိတ်တွေလို ဝိုင်းလာကြတယ်။ လတ်တလော အာရှမှာပါ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်နေတော့ ရှောင်းကျန့်ရဲ့ သတင်းတစ်ပုဒ်က ရွှေလိုပဲ အဖိုးတန်တယ်။

ရှောင်းကျန့်ပွဲကျင်းပရာနေရာကိုရောက်တော့ လူတော်တော်များများက သူ့ကို ကြိုဆိုကြတယ်။ ထိုင်ခုံကိုလဲ ရှေ့ဆုံးတန်းမှာ စီစဥ်ပေးထားကြတယ်။ အရင်နှစ်က အသိမရှိဘဲ မကြည်ဖြူတဲ့ အကြည့်တွေကြားထဲမှာ သိမ်ငယ်ခဲ့ရသလောက် ဒီနှစ်တော့ သူ့ကို တရေးတယူ လာနှုတ်ဆက်နေကြတဲ့ ဝါရင့်သရုပ်ဆောင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မျက်နှာသစ်သရုပ်ဆောင်လေးတွေကို အပြုံးနုနုနဲ့ပဲ ပြန်နှုတ်ဆက်လိုက်တယ်။

"ရှောင်း Laoshi ဒီနေရာမှာထိုင်ရမှာပါခင်ဗျ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

staff တစ်ယောက်ညွှန်ပြတဲ့ ခုံရဲ့ဘေးမှာက နာမည်ကြီး ရုပ်ရှင်မင်းသမီးနှစ်ယောက်ထိုင်နေကြတယ်။ ရှောင်းကျန့်က ပြုံးပြပြီးနှုတ်ဆက်လိုက်တော့ ဖော်ရွေတဲ့ မင်းသမီးနှစ်ယောက်က ရင်းရင်းနှီးနှီးပြန်ပြုံးပြလာတယ်။

"ဝမ် Laoshi ကဒီနေရာမှာပါ"

"ဟုတ်ကဲ့"

ရိပေါ်က ရှောင်းကျန့်နှင့် တစ်တန်းထဲမှာ ထိုင်ရတယ်။ ကြားထဲမှာ မင်းသမီးနှစ်ယောက်ခြားနေတော့ ရှောင်းကျန့်ကို လှမ်းနှုတ်ဆက်လို့မရသလို ရှောင်းကျန့်ကလဲ သူ့ကို လှမ်းတောင်မကြည့်။ ရိပေါ်ကသာ တစ်ချက်တစ်ချက် လှမ်းလှမ်းကြည့်ရတယ်။ ရှောင်းကျန့်က မသိချင်ယောင်ဆောင်နေပေမဲ့ ကြားထဲက မင်းသမီးနှစ်ယောက်ကတောင် ရိပေါ်ရဲ့ အကြည့်တွေကို သတိထားမိပြီး ပြုံးစိစိဖြစ်နေကြတယ်။

"Most Influential Celebrity 2020 ကိုရရှိသွားတဲ့သူကတော့ သရုပ်ဆောင် ရှောင်းကျန့် ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် ရှောင်းကျန့်"

Have You Ever Been In Love?Where stories live. Discover now