Part (31)

2.8K 233 22
                                    

Unicode

Roman Catholic church လေးရဲ့ ခန်းမအတွင်းမှာ ကောင်လေးနှစ်ယောက်က အနောက်တိုင်းဝတ်စုံအဖြူလေးတွေ ဆင်မြန်းလို့ တစ်ယောက်ကို တစ်ယောက်ပြုံးကြည့်နေကြတယ်။ နှစ်​ယောက်လုံးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်လေးတွေပြည့်နေရှာတယ်။ ဒါကဝမ်းသာကြည်နူးလို့ကျတဲ့မျက်ရည်လား။ ပျော်လွန်းလို့ကျတဲ့ မျက်ရည်လား။ သေချာတာကတော့ ပြုံးမျက်ရည်ပဲ။

သူတို့ဖြတ်သန်းခဲ့ရတဲ့ အချစ်လမ်းခရီးက ရှည်ကြာတယ်။ အခက်အခဲတွေများလွန်းခဲ့တယ်။ နှစ်​ယောက်လုံးက အတူရှိနိုင်ဖို့ အိပ်မက်တွေ ဝါသနာတွေအကုန်စွန့်လွှတ်ခဲ့ကြတယ်။

ဒီလောက်အထိခိုင်မြဲလှတဲ့ သူတို့အချစ်ကို ဘယ်သူကမှ ဘယ်အရာကမှ မဖျက်နိုင်ဘူး။ သူတို့ရဲ့ အချစ်က တကယ့်ကို စံပြုထိုက်ပါတယ်။

အနဲငယ်ပိုငယ်ပုံရတဲ့ သတို့သားလေးက သူ့ကိုကိုအဖြူရောင်သတို့သားလေးကို ပြုံးကြည့်နေရင်းက ကလေးငယ်လေးလို အူလှိုက်သည်းလှိုက်ငိုတော့တယ်။ သတို့သားလေးက ငိုချလိုက်တော့ ဘုန်းတော်ကြီးနဲ့ ခန်းမထဲက ဆယ်ယောက်မပြည့်သော ဧည့်ပရိသတ်တွေပါ ပြာယာခတ်သွားကြတယ်။

"ကလေး ကိုကို့ကိုကြည့် မငိုနဲ့လေကွာ"

မငိုနဲ့လို့အားပေးနေတဲ့ သတို့သားကိုကိုကလဲ မျက်ရည်တွေနှင့်။

"ကိုကိုလဲ မငိုနဲ့လေဗျာ"

"မင်းငိုတော့ ကိုကိုငိုချင်တာပေါ့"

"မငိုတော့ဘူး"

လက်စွပ်လဲမဲ့အချိန်ကျ Martha နဲ့ Mark ကလက်စွပ်ဘူးတစ်ယောက်တစ်ဘူးဆီကိုင်ပြီး ကမ်းပေးလိုက်ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် လက်စွပ်လဲပြီးတော့ လက်ကိုကိုင်ထားကြတာ မလွှတ်ကြသေး။ ကတိသစ္စာတိုင်တည်သည့်အပိုင်းရောက်တော့ ရှောင်းကျန့်က ရိပေါ်ရဲ့ လက်လေးကို တစ်ချက်နမ်းလိုက်ကာ

"ကျွန်တော် ရှောင်းကျန့်က ဝမ်ရိပေါ်ဆိုတဲ့ လူသားလေးကို ကျန်းမာသည်ဖြစ်စေ နာဖျားသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အသက်ထက်ဆုံး တစ်ယောက်ထဲကိုပဲ တန်ဖိုးထား ချစ်မြတ်နိုးသွားမယ်လို့ သစ္စာပြုပါတယ်"

Have You Ever Been In Love?Where stories live. Discover now