Part(12)

3.1K 318 6
                                    

Unicode

ရှောင်းကျန့် ကွန်ဒိုအရှေ့မှာ အိမ်ပြန်လာတဲ့ ရိပေါ်နဲ့တွေ့တယ်။ လက်ကော ခြေထောက်ပါကျောက်ပတ်တီးကိုင်ထားတော့ ဝှီးချဲပေါ်မှာ ထိုင်ရင်း သူများကတွန်းပေးနေရတဲ့ ရိပေါ်ပုံစံက ရှောင်းကျန့်ရဲ့ ရင်အစုံကို ဓားနဲ့မွှန်းနေသလို ခံစားရတယ်။

"ရိပေါ်"

သူ့အသံကြားလို့ လှည့်ကြည့်လာတဲ့ မျက်ဝန်းအစုံမှာ မှုံမှိုင်းနေပြီး ဝမ်းနည်းရိပ်တွေအထင်းသား။ ချက်ချင်းပဲမျက်နှာလွဲသွားတဲ့ ကလေးက ရှောင်းကျန့်ကိုတောင် အရင်လို နှုတ်မဆက်နိုင်တော့ဘူး။

"ကျန်းချန်ကော...ကျွန်တော့အခန်းထဲကိုလိုက်ပို့ပေးပါ"

"ဟိုမှာ မင်းနဲ့စကားပြောမလို့ထင်တယ်"

"ရတယ် ကျွန်တော့မှာ သူနဲ့ပြောစရာစကားမရှိဘူး"

ရှောင်းကျန့် ရိပေါ်စကားကြောင့် စိတ်မကောင်းဖြစ်သွားတယ်။

"ဒီက မန်နေဂျာ ထင်တယ် ကျွန်တော်ပဲ ရိပေါ်ကို လိုက်ပို့လိုက်ပါ့မယ်"

"ရပါတယ်ဗျာ။ ရိပေါ်က...."

"ထားလိုက်ပါကျန်းချန်ကော...."

"အင်း...ရိပေါ်...ညနေလာခဲ့မယ်နော်"

"ဟုတ်ကော...ကျေးဇူးပါပဲ"

ကျန်းချန်ပြန်သွားတော့ ရှောင်းကျန့်ရိပေါ်ရဲ့ ဝှီးချဲကို သူ့အခန်းထိတွန်းလာခဲ့တယ်။ ရိပေါ်က စကားတစ်ခွန်းမှ မပြောသလို သူကလဲနှုတ်ဆိတ်နေမိတယ်။

"​ကောမှာ ပြောစရာမရှိရင်လဲပြန်ပါတော့"

"ရိပေါ်....ကောမင်း accident ဖြစ်တာမသိလိုက်လို့ပါ"

"သိပါတယ် ကောကကျွန်တော့အကြောင်းကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်​တော်ကသာ ခေါင်းမာပြီးမျှော်လင့်နေတာ။ ကျွန်​တော်ဆေးရုံမှာ ရှိနေတဲ့တစ်ပတ်လုံးကောကို အရမ်းတွေ့ချင်နေတာ။ ကောက သတင်းမေးတောင်မလာခဲ့ပြီး ဖုန်းနဲ့ message လေးတစ်စောင်တောင်မပို့ခဲ့ဘူးနော်။ ကျွန်​တော်ခု အသုံးမကျတဲ့လူလို ခံစားနေရတာသိလား။ ကျွန်တော့်ခြေထောက်ရော လက်ရော လှုပ်လို့မရဘူး။ လှုပ်လိုက်တိုင်းအသည်းခိုက်အောင်နာတယ်။ ဒီပုံအတိုင်းဆိုရင် ကျွန်တော်ဘယ်လိုကရမလဲ ဘယ်လို ဆိုင်ကယ်စီးရမလဲဟင်....ကောကအဲ့တာလဲ ဂရုစိုက်မှာ မဟုတ်ပါဘူးကောနဲ့မှမဆိုင်တာပဲလေ။"

Have You Ever Been In Love?Where stories live. Discover now