Part (6)

3.8K 402 8
                                    

Unicode

ရိပေါ်တစ်​ယောက် ကော်ဖီဘူးလေးနှစ်ဘူးကိုင်ပြီး ရှောင်းကျန့်တိုက်ခန်းဘက်ကို ကူးလာတယ်။ နေ့တိုင်းကူးချည်သန်းချည်လုပ်နေတဲ့ ရိပေါ်ကို လုံခြုံရေးဦးလေးကြီးကတောင် ရင်းနှီးနေပြီ။ ရိပေါ်ရဲ့ တာဝန်က ကိုကိုရုံးသွားရတဲ့ နေ့တွေဆို ကျိရန်ကောရဲ့ ကော်ဖီဆိုင်မှာ ကိုကိုနဲ့ကော်ဖီလိုက်သောက်ရတယ်။ ပိတ်ရက်ဆိုရင် ကျိရန်ကောဆိုင်က ကော်ဖီနှစ်ခွက်ဝယ်ပြီး ကိုကို့ဆီဆက်သရတာပါ။ နေ့တိုင်းဆိုပေမဲ့ ရိပေါ်အတွက်ပင်ပန်းတယ်မထင်ဘူး။ crush ရဲ့မျက်နှာလေးကို နေ့တိုင်းမြင်ရမှ ရိပေါ်လေးအတွက် အားပြည့်တာ။

ကိုကိုတော့ ခါးသက်သက်လေးကိုမှ ရိပေါ်လေးရဲ့ အချစ်ချိုချိုလေးတွေ ​ရောထည့်ထားတဲ့ americano လေးကိုစွဲနေတော့မှာ သေချာတယ်။

ကော်ဖီကိုစွဲပြီးရင်တော့ လူကိုစွဲရမှာပဲ။ ရိပေါ်တို့က တပြားမှမလျှော့နိုင်ဘူး။

ကိုကို့အခန်းရှေ့ရောက်တော့ ဘဲလ်တီးမလို့ချိန်နေတုန်း တံခါးပွင့်လာပြီး ကိုကိုထွက်လာတယ်။ ပြီးတော့....ကိုကို့ရဲ့လက်မောင်းကို တွဲချိတ်ထားတဲ့ မိန်းကလေးလက်ကြီး။

'Wtf!!'

ရိပေါ်ရဲ့ ဦးနှောက်မှာ အချက်ပြခေါင်းလောင်းသံက တဒီးဒီးမြည်တယ်။ 'ရန်သူ ရန်သူ'တဲ့။ ရိပေါ်တောင် မထိရက်မကိုင်ရက်လို့ အလှကြည့်နေရတဲ့ ယုန်ဖြူလေးကို ရာရာစစ ပိုင်စိုးပိုင်နင်း ကိုင်ထားပါလား။ ရိပေါ် နဂါးမျက်စောင်းကြီးနဲ့ ထိုမိန်းကလေးကို ကြည့်ပစ်လိုက်တယ်။ နှုတ်ခမ်းကပါမဲ့ရွဲ့ထားတာကို mask အုပ်ထားတော့ သူသိမှာမဟုတ်ဘူး။

"အယ် ရိပေါ် ကော်ဖီဝယ်လာတာလား"

"ဟုတ်တယ်ကော"

"လာလေအထဲကို"

"ဟာ...ရှောင်းကျန့်ကောကောကလဲ ဒီနေ့လုလုကို shopping လိုက်ပို့မယ်ဆို သွားမယ်လေ။ ဒီမှာကော်ဖီလာပို့တာမလား ကောကော ပိုက်ဆံရှင်းလိုက်ပါလား ဘာလို့အထဲခေါ်နေတာလဲ"

'ငါနော်..ရိပေါ်စိတ်ထိန်းစိတ်ထိန်း crush ရှေ့မှာ ဒေါသမကြီးရဘူး'

Have You Ever Been In Love?Where stories live. Discover now