Part (19)

3K 260 6
                                    

Unicode

"ကိုကို ဘာလုပ်နေလဲ ထမင်းစားပြီးပြီလား"

ရိပေါ်က Shanghai ကိုပြန်သွားပြီး နောက်တစ်နေ့ vd call ခေါ်တယ်။ အရင်နေ့က သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့သလိုမျိုးမေ့ထားပုံရတယ်။ သူ့ရိုက်ကွင်းက လူတွေအကြောင်း ဇာတ်လမ်းအကြောင်းတွေ ထွေရာလေးပါး ပြောပြီး ရှောင်းကျန့်ရဲ့ အလုပ်ကိစ္စတွေကိုလဲ စပ်စုဖို့မမေ့။

"ရိပေါ်...ဟိုနေ့က ကိုကိုတောင်းပန်...."

"ကိုကို ကျွန်​တော်တို့ ရိုက်ကွင်းနားမှာ အရမ်းတိတ်ဆိတ်တဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်ရှိတယ်။ ကော်ဖီကလည်းသောက်လို့ကောင်းတယ် ကိုကို့အကြိုက်ဖြစ်မှာသေချာတယ်သိလား။ ကိုကိုနဲ့ အတူထိုင်သောက်ချင်လိုက်တာ"

ရိပေါ်က ထိုနေ့ကအကြောင်းကို အစအဖော်မခံ။

"ဟုတ်လား...နောက်တော့ကိုကိုတို့ တူတူသွားသောက်ကြမယ်လေ"

"အင်းကိုကို...album အတွက်ပြင်နေတာအဆင်ပြေတယ်မလား။ ပြီးတော့မှာလားဟင်"

"အင်း ပြီးပြီ ​နောက်အပတ်လောက်ထွက်မှာ"

"ကျွန်တော် နားထောင်ချင်နေပြီ မစောင့်နိုင်တော့ဘူး"

"တစ်ပတ်လောက်ပဲစောင့်ရမှာပါ လောင်ဝမ်ရဲ့"

"ဟီး... ကိုကို...အဲ့တာဆိုအနားယူတော့နော်....သိပ်ချစ်တယ်ကိုကို"

"အင်းကိုကိုရောပဲ"

ရှောင်းကျန့် ဖုန်းချလိုက်ပြီး သူ့ဖုန်း screen ပေါ်က ရိပေါ်ပုံလေးကို ဖွဖွလေးနမ်းလိုက်တယ်။ သူ့ရဲ့ ရင့်ကျက်လွန်းတဲ့ကလေးလေးကို အရမ်းတွေ့ချင်နေမိတယ်။ ကလေးကိုလဲ တောင်းပန်ချင်တယ်။ ဒါပေမဲ့ ရိပေါ်က အဝေးရောက်နေတယ်။

"ကိုကိုမင်းကို အရမ်းသတိရနေပြီ ရိပေါ်ရယ်"
________________________
ရိပေါ်ဒီနေ့အတွက် သူ့ရဲ့ ရိုက်ကူးရေးပြီးတော့ ဟိုတယ်ပြန်ဖို့ ကားဆီလျှောက်လာခဲ့တယ်။ တလမ်းလုံး fan တွေစုရုံးနေလို့ bodyguard တွေအကူအညီနဲ့ မနဲကားထဲဝင်လိုက်ရတယ်။ ကားထဲရောက်မှ လေပူတွေမှုတ်ထုတ်ပြီး သက်ပြင်းချလိုက်တယ်။

"ဟူး....ပင်ပန်းလိုက်တာ"

ရိပေါ် ကူရှင်ကို မှီပြီး မျက်လုံးတွေမှိတ်ထားတုန်း တစ်ယောက်ယောက်က ရိပေါ်ကို ဇက်ကြောနှိပ်ပေးလာတယ်။

Have You Ever Been In Love?Where stories live. Discover now