Part (15)

3K 276 0
                                    

Unicode

ဒီနေ့က ရိပေါ် ပတ်တီးဖြေတဲ့နေ့မို့ ရှောင်းကျန့်ရုံးဆင်းချိန်မတိုင်သေးဘဲ ဖင်တကြွကြွဖြစ်နေတယ်။ နာရီကြည့်လိုက် သက်ပြင်းချလိုက်​လုပ်နေတဲ့ ရှောင်းကျန့်ကြောင့် သူ့ဘေးကသူငယ်ချင်းက ကြည့်မရတော့။

"ရှောင်းကျန့်ရာ...မင်းဒီနေ့မှဘယ်လိုဖြစ်နေတာလဲ..."

"ငါဘာဖြစ်နေလို့လဲ"

"မင်းပုံစံက မင်းမိန်းမကလေးမွေးတော့မှာမို့ ယောက်ယတ်ခတ်နေတဲ့အတိုင်းပဲ"

"ပေါက်ကရကွာ"

"မင်းရည်းစားရနေပြီမလား ဟျောင့်မှန်မှန်ပြော"

"အာ.....အင်း"

"ဟင်....တကယ်လား....မင်းငါ့ကိုတောင်မပြောဘူး...ဘယ်ကအလှလေးလဲ"

"ဟားဟား"

"ဘာလို့ရီတာလဲကွ"

"အလှလေးဆိုတော့ရီချင်သွားလို့"

"အလှလေးမဟုတ်ဘူးလား"

"လှတော့မလှဘူး ချစ်ဖို့ကောင်းတယ်။ ပေါက်စီလုံးလေး...ပြောရင်းနဲ့သတိရလာပြီကွာ"

သူ့သူငယ်ချင်းက မနိုင်ဘူးဆိုတဲ့ ပုံစံနဲ့ခေါင်းရမ်းပြတယ်။ ရှောင်းကျန့်ကတော့ ရယ်ကျဲကျဲနဲ့ ပစ္စည်းတွေသိမ်းနေတယ်။
_________________________
"ရိပေါ်!...ရိပေါ်!"

ရှောင်းကျန့်က ပြန်ရောက်ရောက်ချင်း ရိပေါ်ကို တကြော်ကြော်အော်ခေါ်လိုက်တယ်။

"ကိုကို ကျွန်တော်အခန်းထဲမှာ"

အခန်းထဲမှာ ရိပေါ်က ထိုင်နေပြီး ကျန်းချန်က အနားမှာရပ်နေတယ်။

"ဘယ်လိုနေလဲဟင်"

"အဆင်ပြေတယ်ကိုကို...နေ့တိုင်းနဲနဲချင်း လေ့ကျင့်ခန်းလုပ်ပေးရင် ပြန်ကောင်းလာမှာတဲ့"

"ကောင်းတာပေါ့ မင်းပြန်ကလို့ရပြီ"

"အင်း"

ဒီလိုနဲ့ ရိပေါ်ကို လေ့ကျင့်ခန်းကူလုပ်ပေးဖို့ ရှောင်းကျန့် တာဝန်ယူရပြန်တယ်။ တစ်ခါတလေ အခန့်မသင့်လို့ ရိပေါ်ချော်လဲရင် ရှောင်းကျန့်ကိုယ်လုံးကို ဖိမိတယ်။ ပိန်ပိန်ပါးပါးနဲ့ ရှောင်းကျန့်က ရိပေါ်ကိုယ်လုံးနဲ့ တက်ဖိမိတိုင်း မစားသာဘူး။ ပြီးရင် ရိပေါ်က အားတွေနာပြီး ကျန်းချန်ကိုပဲ ခေါ်မယ်ပြောလို့ ရှောင်းကျန့်ဆူရတယ်။ ရိပေါ်က...လဲလိုက် ရှောင်းကျန့်က မနိုင်မနင်းနဲ့ ပြန်ထူလိုက်နဲ့ပဲ နှစ်ပတ်ဆိုတဲ့ အချိန်ကို ကျော်လွန်ပြီး ရိပေါ်ဟာ အကောင်းပကတိပြန်ဖြစ်သွားတယ်။ ပြန်ကောင်းလို့မှမကြာသေးဘူး TV show တစ်ခုရိုက်ဖို့လက်ခံလိုက်တော့ ရှောင်းကျန့်ရိပေါ်ကို ပြောလို့မဆုံးတော့။

Have You Ever Been In Love?Where stories live. Discover now