Part (34)⚠

3.6K 229 5
                                    

Unicode

ရှောင်းကျန့်က Gallery ကိုမသွားဖြစ်ဘဲ အိမ်မှာပဲ ပန်းချီဆွဲဖြစ်တယ်။ အလုပ်နားနေရတဲ့ ရိပေါ်က ဘေးကနေ ကောင်းကောင်းပါရမီဖြည့်ပေးရှာတယ်။ တခါတလေ ရှောင်းကျန့်ပန်းချီဆွဲတာကို ဘေးနားကနေ ထိုင်ကြည့်နေတတ်တယ်။ တခါကျတော့ skateboard တစ်ခုဘယ်ကနေ ရလာမှန်းမသိ ယူလာပြီး အိမ်ထဲမှာ ပတ်စီးနေတယ်။ရှောင်းကျန့်က သူ့ဆေးဘူးတွေကိုတိုက်မိမှာ စိုးလို့သတိပေးရတာလဲအခါခါပဲ။ တစ်ရက်က ရှောင်းကျန့်သူ့ပန်းချီကားကို အပြီးသတ်ပြီး လက်ထဲမှာကိုင်ကာ တစိမ့်စိမ့်ကြည့်ရင်း လမ်းလျှောက်နေတုန်း စကိတ်စီးနေတဲ့ ရိပေါ်ကိုမမြင်ဘဲ ဝင်တိုက်မိတယ်။ အရှိန်မထိန်းနိုင်တဲ့ ရိပေါ်က ရှောင်းကျန့်ရဲ့ water colour ဆေးရောင်စုံဘူးတွေကြားကို မှောက်လျက်လဲသွားတယ်။ ရှောင်းကျန့်က sketch ဆွဲထားတဲ့ ပန်းချီကားတစ်ချပ်က ဆေးတွေပေပြီး ပုံပျက်သွားလို့ ရှောင်းကျန့်က နှမြောသလို ညည်းတွားနေတော့တယ်။ သူ့ကြောင့်ဖြစ်တာမို့လို့ ဝမ်းနည်းသွားတဲ့ ရိပေါ်က ရှောင်းကျန့်ဆူတော့မယ်ထင်ပြီး ငိုတော့တယ်။ တကိုယ်လုံးဆေးရောင်စုံတွေပေပြီး မျက်ရည်အရွှဲသားနဲ့ ကြောင်ချီးရုပ်လေးကို မြင်တော့ ရှောင်းကျန့်သနားသွားပြီး ဆူဖို့စကားတွေကို ပြန်မျိုချလိုက်ရတယ်။

"ကလေးမဟုတ်ဘဲနဲ့ငိုနေရလား ဝမ်လောင်ရှစ်ရဲ့။ ထ......ကိုကိုသန့်ရှင်းရေးလုပ်ပေးမယ်"

ရေချိုးခန်းထဲမှာ ရိပေါ်ကို bath tub ထဲထိုင်ခိုင်းပြီး ရှောင်းကျန့်က အဝတ်လေးနဲ့ သေချာပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပေးရတယ်။ ဒါတောင်ဆံပင်ပေါ်မှာ ပေနေတဲ့ အပြာရောင်ဆေးတွေက မပြောင်ချင်ဘူး။

"အိုက်ယား.....ဝမ်လောင်ရှစ်ရယ် ကိုကိုက ယောကျ်ားရသွားတာလား ကလေးရသွားတာလား ပြောပါဦး။ ၂၅နှစ်က ကလေးမဟုတ်တော့ဘူးနော်"

"ကိုကိုပဲ ကျွန်တော်က ကိုကို့အတွက် တစ်သက်လုံးကလေးပဲဆို"

"....သွေ့သွေ့သွေ့....ကိုကိုမှားပါတယ်"

ချွဲစိန်လေးကို ရှောင်းကျန့်နိုင်အောင်မပြောနိုင်။ ဒီအူကြူးလေးကို ရေချိုးပေးပြီးရင်တော့ အိမ်ထဲက ဆေးဘူးတွေကို စင်လေးထိုးပြီး အမြင့်မှာထင်ထားရမယ်။ အင်း....အိမ်ထဲကိုလဲ သန့်ရှင်းရေးလုပ်ရဦးမယ်။ ခြံထဲမှာ skate စီးဖို့နေရာလေးလဲ လုပ်ပေးဦးမှပါပဲ။

Have You Ever Been In Love?Where stories live. Discover now