Part (8)

3.5K 339 0
                                    

Unicode

ရှောင်းကျန့် ရိပေါ်ကို ရှောင်ဖို့ ကော်ဖီဆိုင်တောင်မသွားတော့ဘူး။ စောစောထပြီး ရုံးကိုတန်းသွားတယ်။ ရုံးရောက်မှ ကော်ဖီတစ်ခွက်ဝယ်သောက်လိုက်တယ်။ ကျိရန်ရဲ့ ကော်ဖီဆိုင်က ကော်ဖီလောက်တော့ မကောင်းဘူးပေါ့။

"ရှောင်းကျန့်ကော bossခေါ်နေတယ်"

"ဟေ...အေး"

ရှောင်း​ကျန့် bossရုံခန်းထဲ သွားလိုက်တယ်။

"အေး ရှောင်းကျန့် ဒီတစ်ခါ clientက မင်းရဲ့ ဒီဇိုင်းကိုပဲတောင်းဆိုထားတယ်တဲ့"

"ဗျာ ကျွန်တော့်ကိုလား"

"အေး မင်းကို"

"မင်းဆွဲပေးရမယ့်ဒီဇိုင်းက skateboard မှာသုံးမှာ"

"ဟမ်...skateboardလား"

"အေး အဲ့ဒီကုမ္ပဏီက မင်းဆီကိုပဲ ဒီဇိုင်းအပ်ချင်တာတဲ့။ skateboard အခုငါးဆယ်အတွက် မတူတဲ့ ဒီဇိုင်းတွေဆွဲပေးရမှာ လစာကိုတော့ သူတို့ကတိုက်ရိုက်ပေးလိမ့်မယ်"

"ကျွန်တော်တစ်ယောက်ထဲဆွဲရမှာလား...အခုငါးဆယ်တောင်လေ"

"အေး ဖြေးဖြေးချင်းဆွဲပေါ့ကွာ ဒါငါတို့ကုမ္ပဏီအတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုဖြစ်လာမှာ ရှောင်းကျန့်ငါပြောတာ နားလည်တယ်မလား"

"ဟုတ်ကဲ့..."

"အဲ့တာဆို ခုပဲစလိုက်တော့နော်...ရှောင်းကျန့် နေ့လည်စာ ငါဝယ်ကျွေးမယ်"

"ဟုတ်ကဲ့ပါ boss"

ရှောင်းကျန့် အဲ့ဒီ​နေ့က တစ်နေကုန်ဒီဇိုင်းအတွက် လုပ်နေရတော့ မိုးချုပ်မှ ပြန်ရတဲ့အပြင် နောက်ရက်တွေလဲ ဆက်တိုက်အချိန်ပိုဆင်းနေရတယ်။

"ဟူး....ဆယ်ခုစာတော့ပြီးပြီ"

"ရှောင်းကျန့်"

"ဟုတ်ကဲ့ boss"

"ဘယ်နှခုပြီးပြီလဲ"

"ဆယ်ခုတော့ပြီးပြီ boss"

"ဟုတ်လား အဲ့တာဆို ပြီးသလောက်သွားပို့ထားလိုက်ကွာ ရော့...ဒီမှာလိပ်စာ"

"ဗျာ...ကျွန်တော်သွားပို့ရမှာလား"

"အေးမင်းသွားပို့တာပိုကောင်းတာပေါ့ မင်းဆွဲထားတာပဲဟာ"

Have You Ever Been In Love?Where stories live. Discover now