Part (25)

2.7K 238 17
                                    

Unicode

ရှောင်းကျန့်ရဲ့ anti တွေက ရှောင်းကျန့်အရင်ဝန်ထမ်းဘဝက ပုံတွေပြန်တင်ကြတယ်။ အနုပညာလောကကို ရိပေါ်ရဲ့အကူအညီနဲ့ ရောက်လာတာလို့စွပ်စွဲကြတယ်။ ပိုဆိုးတာက ရှောင်းကျန့်ကို ဂေးလို့အပုပ်ချနေကြတာပဲ။ အပင်မြင့်ရင် လေတိုက်တဲ့ ထုံးစံအတိုင်း anti တွေက ရှောင်းကျန့် fan တွေနဲ့ ရိပေါ်ရဲ့ fan တွေကြား အားကြိုးမာန်တက်ကို ရန်တိုက်ပေးနေတယ်။ fandom နှစ်ခုကြားဖြစ်တဲ့ war တွေကို တမင်တကာ မီးလောင်ရာလေပင့်နေကြတယ်။ ကိုယ့်idol ကိုထိရင်မခံတဲ့ fandom နှစ်ခုကလဲ ဒီအချက်ကို သတိမထားမိဘဲ ရန်ဖြစ်နေကြတယ်။ တစ်နေ့တစ်နေ့ အင်တာနက်မှာ တက်လာတဲ့ အမုန်းစကားတွေကြောင့် သက်ဆိုင်ရာတွေကတောင် ရှောင်းကျန့်နဲ့ ရိပေါ်ရဲ့ ကုမ္ပဏီတွေကို သတိပေးပြီး ဒီကိစ္စကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ခိုင်းလာတယ်။ ကုမ္ပဏီအသီးသီးက အနုပညာရှင်နှစ်ယောက်ကို အပုပ်ချတဲ့၊ မဟုတ်မမှန်သတင်းတွေဖြန့်ဝေတဲ့ မည်သူကိုမဆို တရားဥပဒေအရ အရေးယူမယ်လို့ ကြေငြာလိုက်ကာမှ ငြိမ်သွားကြတယ်။

သတင်းတွေက လတ်တလောမှာ ​ငြိမ်သွားတယ်။ ရိပေါ် ရှောင်းကျန့်ရဲ့ အခြေအနေကို အရမ်းကို သိချင်နေတယ်။ ပြန်ဖြေသူမရှိတဲ့ ဖုန်းကိုပဲ အကြိမ်ကြိမ်အခါခါခေါ်နေမိတယ်။

သုံးလလောက်ထိ ကိုယ်ရောင်ဖျောက်ထားတဲ့ ရှောင်းကျန့်ကို သူ့fan တွေကလဲ စိတ်ပူလာတယ်။ သူတို့စိတ်လိုက်မာန်ပါ လုပ်မိတာကို ပြန်တောင်းပန်နေကြတယ်။ ရိပေါ်ရဲ့ fan တွေကလဲ ရှောင်းကျန့်ကို အပြစ်မတင်ကြတော့ဘူး။ fandom နှစ်ခု စိတ်လျှော့သွားတဲ့အချိန်မှာ သူတို့နှစ်ယောက်ကို သဘောတူတဲ့ shipper fandom ကအားကောင်းလာတယ်။ နှစ်ယောက်လုံးကို ညီတူညီမျှအားပေးဖို့ လူတိုင်းမှာ gender မခွဲဘဲချစ်ခွင့်ရှိကြောင်း ဝါဒဖြန့်လာတော့ သူတို့နှစ်ယောက်ကို သဘောတူတဲ့သူတွေများလာတယ်။အရင်တုန်းက သူတို့ရဲ့ ကြည်နူးစရာ momentလေးတွေကို ပြန်ရှာပြီးတင်လာကြတယ်။ anti တွေကိုလည်း fandom သုံးခုပေါင်းပြီး ပြန်တိုက်ထုတ်လာကြတယ်။

သတင်းတွေကြားရတာတော့ အရာအားလုံးအဆင်ပြေသွားပုံရပေမဲ့ ရိပေါ်ရဲ့ ကိုကိုက လူရှေ့ကို ထွက်မလာခဲ့သေးပါဘူး။

Have You Ever Been In Love?Where stories live. Discover now