Prologue

7.1K 418 9
                                    

(Unicode)

တိုးတက်ပြီး နိုင်ငံကြီးတစ်ခုမှ
Tourist attraction ကောင်းစွာရသော မြစ်ကမ်းပါး မြို့ငယ်လေးတစ်မြို့။

နေ့ရောညပါ အသက်ဝင်နေသော မြို့၏ မူပိုင် ကခုန်ဟန်
တစ်ချို့နှင့် Jazz ဂီတ။

မြို့ခံတို့၏ လက်မှုပညာများ။

စိတ်ဝင်စားဖွယ် သမိုင်းအချက်အလက်တို့နှင့် မြို့၏ အထင်ကရ အဆောက်အဦးများ။

ထူးဆန်းသော သမိုင်းကြောင်းနှင့် ပွဲတော်များ။

ထို့အပြင်

Tour guideတို့ ပြောပြလေ့ရှိသော မြို့ရှိ ဒဏ္ဍာရီလာ သတ္တဝါတို့၏ ဇာတ်လမ်းများ။

သူ့တို့ကို သူတို့ ပါရမီပါသည်ဟု ဆိုသော ရှေ့ဖြစ်ဟောသူများ။

ထိုအရာတို့ကလည်း ကမ္ဘာလှည့်ခရီးသည်များ၏ မြို့အပေါ် စိတ်ဝင်စားမှုအပေါ် ထပ်လောင်း ပံ့ပိုးပေးနေသည်။

ထို အခြင်းအရာများ မှန်မမှန်ကိုတော့
ကာယကံရှင်များနှင့်
မြို့ခံတစ်ချို့မှလွဲလို့ သိနိုင်မည်မဟုတ်။

"Mistasia”

မြို့နာမည် ဆိုင်းဘုတ်ရှေ့တွင် ​ကျောပိုးအိတ်လွယ်ထားသော လူငယ်လေးတစ်ဦး အချိန်အတန်ကြာ မတ်တပ်ရပ်နေသည်။

ခဏအကြာမှ မြို့၏ မျက်နှာချင်းဆိုင် တောအုပ်မှ နောက်လူငယ်တစ်ဦး ထပ်ထွက်လာသည်။

ထို့နောက် ရပ်နေသော လူငယ်အား မေးသည်။

”မင်း အဆင်သင့် ဖြစ်ပြီလား”

ပထမလူငယ်က ခေါင်းပဲ ပြန်ညိတ်ပြသည်။

ထို့အချိန်မှစ၍ ထူးဆန်းထွေလာ မြို့ငယ်လေးတွင် ပြောစမှတ်ဖွယ် ဇာတ်လမ်း​လေးတစ်ပုဒ် ထပ်တိုးလာခဲ့ပါတော့သည်။

Zawgyi

တိုးတက္ၿပီးေသာ နိုင္ငံႀကီးတစ္ခုမွ
Tourist attraction ေကာင္းစြာရေသာ ျမစ္ကမ္းပါး ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕။

ေန႕ေရာညပါ အသက္ဝင္ေနေသာ ၿမိဳ႕၏ မူပိုင္ ကခုန္ဟန္
တစ္ခ်ိဳ႕ႏွင့္ Jazz ဂီတ။

ၿမိဳ႕ခံတို႔၏ လက္မႈပညာမ်ား။

စိတ္ဝင္စားဖြယ္ သမိုင္းအခ်က္အလက္တို႔ႏွင့္ ၿမိဳ႕၏ အထင္ကရ အေဆာက္အဦးမ်ား။

ထူးဆန္းေသာ သမိုင္းေၾကာင္းႏွင့္ ပြဲေတာ္မ်ား။

ထို႔အျပင္

Tour guideတို႔ ေျပာျပေလ့ရွိေသာ ၿမိဳ႕ရွိ ဒ႑ာရီလာ သတၱဝါတို႔၏ ဇာတ္လမ္းမ်ား။

သူ႕တို႔ကို သူတို႔ ပါရမီပါသည္ဟု ဆိုေသာ ေရွ႕ျဖစ္ေဟာသူမ်ား။

ထိုအရာေတြကလည္း ကမၻာလွည့္ခရီးသည္တို႔၏ ၿမိဳ႕အေပၚ စိတ္ဝင္စားမႈအေပၚ ထပ္ေလာင္း ပံ့ပိုးေပးေနသည္။

ထို အျခင္းအရာမ်ား မွန္မမွန္ကိုေတာ့
ကာယကံရွင္မ်ားႏွင့္
ၿမိဳ႕ခံတစ္ခ်ိဳ႕မွလြဲလို႔ သိနိုင္မည္မဟုတ္။

"Mistasia

ၿမိဳ႕နာမည္ ဆိုင္းဘုတ္ေရွ႕တြင္ ေက်ာပိုးအိတ္လြယ္ထားေသာ လူငယ္ေလးတစ္ဦး အခ်ိန္အတန္ၾကာ မတ္တပ္ရပ္ေနသည္။

ခဏအၾကာမွ ၿမိဳ႕၏ မ်က္ႏွာခ်င္းဆိုင္ ေတာအုပ္မွ ေနာက္လူငယ္တစ္ဦး ထပ္ထြက္လာသည္။

ထို႔ေနာက္ ရပ္ေနေသာ လူငယ္အား ေမးသည္။

မင္း အဆင္သင့္ ျဖစ္ၿပီလား

ပထမလူငယ္က ေခါင္းဘဲ ျပန္ၿငိမ့္ျပသည္။

ထို႔ေနာက္ ထူးဆန္းေထြလာ ၿမိဳ႕ေလးတြင္ ေျပာစမွတ္ဖြယ္ဇာတ္လမ္းေလးတစ္ပုဒ္ ထပ္တိုးလာခဲ့ေတာ့သည္။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now