Chapter 18

1.1K 159 13
                                    

Unicode

"မင်းဟာက ဟုတ်ကော ဟုတ်ရဲ့လား Lucas။”

Alex မဝံ့မရဲ မေးလိုက်တော့
အေပရွန်ကို အကျအန ဝတ်ကာ ခွက်ကြီး ခွက်ငယ် အသွယ်သွယ်နှင့် အလွန် စိတ်အင်အားထက်သန်နေသော Lucas က ခေါင်းကို ဟန်ပါပါ ငြိမ့်ပြသည်။

"ကျွန်တော့ အရည်အချင်းကို ယုံလိုက်စမ်းပါ Xan ရဲ့။
ကော်ဖီဆိုင်မှာ လုပ်နေတာ ဘယ်နှစ်လရှိနေပြီလဲ။
ကိတ်မုန့်လောက်တော့ ဖုတ်တတ်ပါတယ်ဗျ။”

"ဒါပေမယ့် မင်းက လုပ်ပြီးသား မုန့်တွေကို ပြန်နွှေးရုံဘဲ လုပ်ရတာလေ။”

Lucas က ဟင်းခနဲ သက်ပြင်းချသည်။

"ကျွန်တော့ကို Mrs. Nally က မုန့်ဖုတ်နည်း အားလုံး ပြောပြပေးထားပြီးသား။
လာပါဗျာ။
Xan အားတဲ့ရက်လေးမှာ ကျွန်တော်က မုန့်လုပ်ကျွေးချင်လို့ဟာကို။
ဘာလဲ Xan က ကျွန်တော့ အရည်အချင်းကို မယုံတာလား။”

အမှန်အတိုင်း ပြောရရင်တော့ Alex မယုံပါ။
Lucas မျက်နှာပေါ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေကို တွေ့ရလေလေ၊ သူ ပို၍ မယုံလေလေ။

Lucas အကြောင်းကို သူသာလျှင် နားအလည်ဆုံးမလား။

"အဲ့ဒါဆို မင်း လုပ်ပြီးမှ အတူစားကြမယ်လေ။
ကိုယ် အိမ်ရှေ့မှာ စောင့်နေမယ်။
မင်းက Vampire ဘဲဟာ။
မုန့်ဖုတ်တာ ဘယ်လောက်ကြာမှာမလို့။”

Alex က တတ်နိုင်သမျှ ရှောင်ထွက်လိုသည့် သဘောဖြင့် ပြောမိတော့ Lucas မျက်နှာက ချက်ချင်း မဲ ကြုတ်သွားသည်။

"ခင်ဗျားက တကယ့်ကို နှစ်တစ်ရာ ပိန်းဥဘဲ Xan
ကျွန်တော်သာ အမြန်လုပ်ရင် ခဏ​လေး နဲ့ပြီးမှန်းတော့ သိတာပေါ့။
ချစ်သူနဲ့ အတူတူ စကားလေးတပြောပြောနဲ့ မုန့်လုပ်ရင်း
တအိအိ ကြည်နူးရတဲ့ အရသာလေးကို ခံစားချင်လို့ဗျ။
ခင်ဗျား မျိုဖို့ သီးသန့်ဆိုရင်တော့ ဝယ်ဘဲ ပေးလိုက်တော့မှာပေါ့။”

စိတ်ကောက်သည့် လေသံ အနည်းငယ်ပါလာသော Lucas ကြောင့် သူဘဲ အလျှော့ပေးလိုက်ဖို့ Alex ဆုံဖြတ်လိုက်သည်။

"ဟုတ်ပါပြီ။
ကိုယ် မသိလို့ ပြောမိတာ တောင်းပန်ပါတယ်။
စိတ်မဆိုးနဲ့တော့နော်။
ကိုယ် ဘာကူပေးရမလဲ။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Nơi câu chuyện tồn tại. Hãy khám phá bây giờ