Chapter 8

1.4K 212 50
                                    

(Unicode)

ဆူညံပွက်လောရိုက်နေသော လမ်းမကြီးပေါ်မှ လူများကို ရှောင်ရှားရင်း Alex တစ်ယောက်တည်း ယောင်တောင်တောင် လျှောက်လာမိသည်။

အစက အိမ်မှာဘဲ နေမည်ဟု စဥ်းစားပြီးမှ မနေနိုင်။
စိတ်ထဲ မရိုးမယွ ဖြစ်လာ၍ ထွက်လာခဲ့ရသည်။

လမ်းဘေး ဘီယာဆိုင်တစ်ခုတွင် Lucas တစ်ယောက်တည်း ထိုင်နေ​တာ မြင်တော့ အံသြသွားမိသည်။
Rachel ရော David ပါ တစ်ယောက်မှ အနားမှာ ရှိမနေ။

ကျစ် ဒီကောင်လေးကို စောင့်ကြည့်ပါဆိုမှ။

Alex တော်တော် ဒေါပွသွားသည်။
ကိုယ်တိုင် ထွက်လာမိ၍ တော်တော့သည်။
နှစ်​ယောက်လုံး တစ်စက်လေးမှ စိတ်မချရ။

သူ့ကို လှမ်းမြင်တော့ Lucas က ထရပ်ကာ အနားသို့ လျှောက်လာသည်။

"ဝိုးးး Alexander Hemsworth ကိုယ်တိုင် ပါလား။
ဘယ်မှာလဲ မျက်နှာဖုံး။
ဝတ်စုံအပြင်အဆင်ကလည်း လူသေလို ဖြစ်ရမှာလေ။
ခင်ဗျားကလည်း ကိုယ်ချထားတဲ့ စည်းကမ်းတော့ ကိုယ်လိုက်နာမှ ပေါ့ဗျ”

Lucas အဲ့လို ပြောလိုက်တော့ Alex မျက်နှာက တင်းခနဲ။
သို့သော်လည်း ပြန်လျှော့ချကာ ပုံမှန်လေသံနှင့်သာ
ပြန်ဖြေသည်။

"ဒါ ငါချထားတဲ့ စည်းကမ်းမဟုတ်ဘူး။
Witch တွေရဲ့ ပွဲ။
ငါနဲ့လည်း မဆိုင်ဘူး။
အဟမ်း။
ဒါပေမယ့် ငါ စည်းမျဥ်းလိုက်နာတဲ့ သဘောနဲ့ ဒီမှာသွေးပုံစံ နည်းနည်း လုပ်ထားတယ်။”

ပြောနေရင်း သူ့အကျီကော်လံကို Lucas မြင်အောင်ပြသည်။

Lucas က ပြူးတူပြဲတဲနှင့် သေချာငုံကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်သည်။

"အမလေးဗျာ ဒါလားသွေး။
ခင်ဗျားဟာက မိုင်ခရိုစကုပ်နဲ့ ကြည့်မှမြင်ရမယ်။
ဒါနဲ့ ခင်ဗျားဆံပင် တစ်မျှင်ရှေ့ကိုကျနေတယ် ပြန်သပ်တင်
လိုက်ဦး။”

Alex က ချောင်းတစ်ချက်ဟန့်လိုက်သည်။
ပြီးမှ ရှက်ကိုးရှက်ကန်းနှင့် ပြောသည်။

"အဲ့တာ အဲ့တာက နည်းနည်း ဆံပင်ပုံစံ ပြောင်းကြည့်ထားတာ။”

Lucasက နောက်နေတာလား ဆိုသည့် ပုံစံနှင့် မျက်မှောင်ကြုံ့ကာ ပြန်ကြည့်သည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now