Chapter 6

1.5K 208 20
                                    

(Unicode)

ချွင်ခနဲ တံခါးဖွင့်သံလေး​ကြောင့် Emily bar အပေါက်ဝကို လှမ်းကြည့်လိုက်သည်။

Oh my God! Steve လာတာဘဲ။

ဟိုတစ်ခါ Alex နှင့် သူမ ဆိုင်ထဲမှာ ဝုန်းဒိုင်းကြဲပြီးကတည်းက သူမဆီ မလာတာဖြစ်သည်။

Emily ဆံပင်ကို သေချာ ပြန်သပ်ကာ အကျီကို ပိုမို ပုံကျသွားအောင် အနည်းငယ် ဆွဲဆန့် လိုက်သည်။

Steve က ကောင်တာရှေ့ ရောက်လာတော့ သူမက ပြုံးကာ မေးလိုက်သည်။

"ပုံမှန်ဘဲလား Steve ”

Steve က ခေါင်းငြိမ့်ပြပြီးနောက် ပြောသည်။

"ဟိုတစ်နေ့က Alex နဲ့ မင်းဆိုင်ထဲမှာ ရန်ထဖြစ်တဲ့
ကိစ္စအတွက် ကိုယ်မင်းကို သေချာမတောင်းပန်ရသေးဘူး Em။
ဒီလိုလုပ်လေ။
တောင်းပန်တဲ့ အနေနဲ့ ကိုယ် မင်းကို တစ်ခွက်ပြန်ဝယ်တိုက်မယ်။
ဘယ်လိုလဲ။”

ဟုတ်ပြီလေ ဆိုသည့် သဘောဖြင့် Emily ခေါင်းငြိမ့် ပြလိုက်သည်။
ထို့နောက် ခွက်နှစ်ခွက်နှင့် Jack Daniel's ပုလင်းကို ဆွဲယူလိုက်သည်။

နှစ်ခွက်လုံးကို ငှဲ့နေရင်း သူမက စပြော လိုက်သည်။

"ကဲ ပြောပါဦး။
ဒီတလော စိတ်ညစ်စရာတွေ ရှိလား။”

သူမက စကား လမ်းကြောင်းပေးလိုက်တော့ Steve က သက်ပြင်းချကာ စပြောသည်။

"Alexander တို့ဘက်က ကိုယ်တို့ကို တစ်ချိန်လုံး စောင့်ကြည့်နေသလိုဘဲ။
တောအုပ်အစပ်နားဆို အမြဲ လူစိမ်း တွေ့တွေ့နေရတယ်။
ကိုယ်တို့ သေချာ ဖြေရှင်းပေးထားတာကို သူတို့ ဘက်က အရမ်းလွန်နေပြီ။”

ပြောရင်း တစ်ခွက်လုံးကို အကုန်မော့ပစ်လိုက်တော့ သူမက အလုိက်သိစွာ နောက်တစ်ခွက် ထပ်ထည့်ပေးလိုက်ရသည်။

"ဒါကတော့ သူတို့ဘက်က ကြည့်ရင်လည်း ရုတ်တရက် မြို့ထဲထိ werewolves ဝင်သလို ဖြစ်နေတာကိုး။
သူတို့ နောက်လိုက် Vampire တွေလည်း လန့်နေကြမှာဘဲလေ။
ပြီးတော့ Alex ပြောတာက နယ်မြေပိုင်းခြားပေးထားတာကို မကျေနပ်သေးတဲ့ Werewolves တွေ ရှိသေးတယ်ဆို။
အဲ့တာ ဟုတ်လား။”

သူမ မေးလိုက်တော့ Steve က သက်ပြင်းချကာ ခေါင်းငြိမ့်ပြသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now