Chapter 35

1K 147 15
                                    

(Unicode)

"Oh my god!
Christopher လို လူမျိုးက အဲ့လို ခံစားချက်ရှိမယ်လို့ ငါတကယ် မထင်ထားတာ။
အဲ့ကောင်လေး သေဖို့ အစား သူကိုယ်သူ ပိတ်လှောင်ခံဖို့ ရွေးချယ်ခဲ့တယ်တဲ့။
ငါတကယ်ကို မယုံနိုင်ဘူး။”

Rachel ခေါင်းတခါခါနှင့် တအံတသြ ပြောနေမိသည်။
သူမ ကိုယ်တိုင် ခံစားရတာမဟုတ်ရင် ဘယ်လိုနည်းနှင့်မျှ ယုံနိုင်မည် မထင်။

David က ငါပြောသားပဲ ဆိုတဲ့ ပုံစံဖြင့် မျက်ခုံးပင့်ပြသည်။

"သူ့ရဲ့ Tribrid ဖြစ်ချင်ရခြင်းရဲ့ ပထမဆုံး ရည်ရွယ်ချက်ကလည်း အဲ့တာပဲ ဖြစ်လိမ့်မယ်။
အဲ့ကောင်လေးကို ပြန် အသက်သွင်းနိုင်ဖို့ဆိုတာ တော်ရုံ စွမ်းအားနဲ့ မရနိုင်ဘူး။”

"ဒါပေမယ့် သူ Tribrid ဖြစ်သွားရင်လည်း ငါတို့ အားလုံးကို သတ်ပစ်မှာပဲ။
Mistasia ကိုပါ သူက အပိုင်လိုချင်မှာ။”

Rachel ပြောတော့ David က ခေါင်းညိတ်ပြသည်။

နှစ်ယောက်သား စကားစ ပြတ်သွားကာ ခဏ ငြိမ်သွားမိသည်။

ရုတ်တရက် သူမ စိတ်ထဲ အရာရာက အလွန် တိတ်ဆိတ်နေသည်ဟု ခံစားမိသွားသည်။
ပတ်ဝန်းကျင်ကို အမြန် လှည့်ပတ်ကြည့်လိုက်တော့ David နှင့် သူမ နှစ်ယောက်တည်းသာ ဖြစ်နေသည်။

"အခုက လူတွေ၊ သီချင်းသံတွေ ဘယ်ရောက်သွားတာလဲ။”

David က ပုခုံးတွန့်ပြသည်။

"ဒါက ငါ့ကောင်းကင်ဘုံပါ Rachel
ငါ မလိုရင် အကုန် ဖျောက်ပစ်လို့ ရတယ်။”

အခုမှ Rachel သဘောပေါက်သွားကာ နှုတ်ခမ်းကိုက်လိုက်မိသည်။

"ငါ နင့်ကို နှုတ်ဆက်ရတော့မှာ မလား Dave”

David က ခပ်ဖွဖွလေး ပြုံးသည်။

"နင် ငိုသေးလား Rachel”

Rachel ခေါင်းကို တွင်တွင်ယမ်းလိုက်သည်။
"မငိုပါဘူး။
ဘာလို့ ငို့ရမှာလဲ။”

David က ဟုတ်လို့လားဆိုသည့် ပုံစံဖြင့် မျက်လုံးတွေကို မှေးကျဥ်းကာ ပြန်ကြည့်သည်။

သူမ ဟက်ခနဲ ရယ်လိုက်မိသည်။

"ငိုတယ် Dave
ငါရဲ့ နှလုံး ဆွဲထုတ်လိုက်သလိုမျိုးထိ ငါ အရမ်း နာကျင်ရတာမို့လို့။
ငါ ငိုတယ်။
ဒေါသလည်း ထွက်တယ်။
နင် ဘယ်လိုများ လုပ်ရက်ရတာလဲ ကောင်စုတ်ရဲ့။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now