Chapter 27

958 152 23
                                    

(Unicode)

"Witch တွေက သူ့ကို သေချာ ချုပ်နှောင်ပြီးတာနဲ့ အခေါင်းတစ်ခုထဲကို ထည့်ပြီး တောင်ပေါ်က ပစ်ချလိုက်ကြတယ်။
Henry ကိုလည်း ငါတို့ အတူနေခဲ့တဲ့ ရွာလေးမှာဘဲ မြှုပ်နှံထားခဲ့တယ်။
အဖြစ်အပျက်တွေ အားလုံးပြီးတော့ ငါလည်း ကျန်ခဲ့တဲ့ ငါ့နောက်လိုက် တစ်ချို့ကို ခေါ် ပြီး အဲ့ရွာကနေ ထွက်လာခဲ့တယ်။
တောအုပ်တစ်ခုပြီး တစ်ခုပြောင်းနေရင်းက နောက်ဆုံး Greendale မှာ အခြေချဖြစ်သွားတာ။”

Steveက သူတို့ကို အကြောင်းစုံ ရှင်းပြပြီးသည်နှင့် ချက်ချင်းထကာ ဝီစကီ ပုလင်းကို သွားယူသည်။

ထို့နောက် တစ်ခွက်ပြီး တစ်ခွက်ဆက်တိုက် ထည့်ကာ မော့နေသည်။
ငိုချင်စိတ်ဖြင့် နီရဲလာသော မျက်ဝန်းတွေကို အားလုံးက
မသိကျိုးကျွံ ပြုပေးထားကြသည်။

"ငါ နားမလည်တာက ဘယ်လို ဖြစ်ပြီး သူက လွတ်သွားရတာလဲ။”

Rachel က ဝင်ထောက်တော့ အချိန်အတော်ကြာ ငြိမ်နေသော Emily က ငိုချင်တာကို အတင်း ထိန်းထားရသည့် အသံနှင့် တုန်တုန်ယင်ယင် ဝင်ဖြေသည်။

"အဲ့တာ Christopher ရဲ့ Witch သဘာဝကြောင့်။
အဲ့ ပစ္စည်းအကြောင်း အဘွား ကျွန်မကို ပြောပြဖူးတယ်။
အဲ့ပစ္စည်းက Witch တွေ လုပ်တာမလို့ Witch တစ်ယောက် အဲ့တာကို သုံးပြီး ဖမ်းချုပ်ခံရရင်တောင် သူ့ စိတ်ဝိဉာဥ်နဲ့
magic တွေက လွတ်လပ်နေမှာ။
Christopher က သူ့ magic နဲ့ အခြား အလေ့အကျင့် မရှိတဲ့ Witch တစ်ယောက်ကို ဆက်သွယ်လိုက်နိုင်ပုံရတယ်။
အလေ့အကျင့်ရှိတဲ့ Witch တွေကတော့ အဲ့လို မကောင်းတဲ့ စိတ်ဝိဉာဥ်တွေ သူတို့ကို လာ မဆက်သွယ်အောင် တားဆီးထားနိုင်ပြီးသား။”

Alex က တစ်စုံတစ်ခုကို စဥ်းစားသလိုနှင့် မျက်မှောင်ကြုံ့နေသည်။
ပြီးမှ မဝံ့မရဲ ခပ်တိုးတိုး မေးသည်။

"သူ့ညီမက ဆံပင် အနက်ရောင် ကောက်ကောက်နဲ့ဆို နာမည်က ဘာလဲ။”

Steve က ဘာလဲဟဆိုသည့် ပုံစံနှင့် ​ပြန်ကြည့်သည်။
Alex ၏ မျက်နှာထားကို မြင်မှ အတည်မေးသည်ဟု သဘောပေါက်ကာ စဥ်းစားသလို လုပ်သည်။

"Sonya ဆိုလား ဘာလား။
သြော် သိပြီ Sabrina
ဟုတ်တယ် Sabrina Leonard”
...............

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now