Chapter 17

1.1K 167 24
                                    

Unicode

🎶My big fat ass got all them boys hooked (Hooked)
I went from dollar bills, now we poppin' rubber bands (Ha)
Bruno sang to me while I do my money dance like ayy
Flexin' on the 'Gram like ayy
Hit the Lil' Jon, okay (Okay), okay (Okay)🎶

(A/N သီချင်းမသိရင် media က နားထောင်ကြည့်ပါနော်😁)

အပြင်က ပြန်လာချက်ချင်း ခြံထဲကထိ ကြားရသော
ဘာမှန်းမသိ ဆူညံသံတွေကြောင့် Alex လန့်ဖျတ်သွားမိသည်။

Lucas.. Lucas

Alex ဟူးခနဲ သက်ပြင်းချလိုက်မိသည်။

သူတို့နှစ်ယောက် ချစ်သူ သက်တမ်းကြာလာလေလေ Lucas က သူ့ကို ရှိန်ခြင်း ကြောက်ခြင်းတွေ လျော့နည်းလာလေလေ။

လူအများရှေ့တွင် သူ့ကို အရင်လို ရိုရိုသေသေသာ ဆက်ဆံသော်လည်း အိမ်မှာ သူတို့လေးယောက်ဘဲရှိသည့် အချိန်တွင်တော့ လုံးဝကို ပုံစံပြောင်းသွားတော့သည်။

အိမ်တွင် သူလုပ်ချင်သလိုလုပ် မွှေချင်သလိုမွှေသည်။
Alex ကို အခွင့်အရေးရရင် ရသလို စသည်။
Alex မျက်နှာတည်သွားလျှင် ရယ်သည်။

ပြီးမှ Xan ဟု ပျစ်ချွဲချွဲခေါ်ကာ သနားစဖွယ် မျက်နှာလေးလုပ်ပြီး အတင်း လိုက်ချော့သည်။

အခုလည်း ဘာတွေ ပွက်လောရိုက်နေတာလည်း မသိ။

အပေါ်ထပ်ကို အမြန်တက်သွားလိုက်တော့ ကိုရိုကားယား မြင်ကွင်းဆိုးက သူ့ကို ဆီးကြိုနေသည်။

🎶We out here drippin' in finesse
It don't make no sense
Out here drippin' in finesse
You know it, you know it
We out here drippin' in finesse
It don't make no sense
Out here drippin' in finesse
You know it, you know it🎶

အိမ်ခါလုမတတ် သီချင်းသံများကြားတွင် David နှင့် Lucas နှစ်ယောက် တွန့်ကွေးအောင် ကနေကြသည်။

David က ပိုဆိုး။
ကတာ ကြည့်ရဆိုးလွန်းသည့် အပြင် သီချင်းစာသားတွေကိုပါ
အသံဆိုးကြီးနှင့် အမှားမှား အယွင်းယွင်း လိုက်ဆိုနေသေးသည်။

"You know it You know...”

Alex က Bluetooth sound box ကို ပိတ်လိုက်တော့
နှစ်ယောက်လုံး အော်ကြီးဟစ်ကျယ် အပီအပြင် ဟစ်ကြွေးနေရာကနေ ဆန့်တငင်ငင် ဖြစ်သွားကြသည်။

"အဲ့တာက ဘာဖြစ်နေကြလည်း။”
Alex က ဒေါသထွက်ချင်ယောင်ဆောင်ကာ အသံမာမာနှင့် မေးလိုက်တော့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now