Chapter 28

980 162 26
                                    

(Unicode)

Steve ၏ စကားကို ကြားပြီပြီးချင်း Alex နားတွေ ရုတ်တရက် အူထွက်သွားသလို ခံစားလိုက်ရသည်။

ရင်ထဲ ရုတ်ချည်း အောင့်မျက်သွားသဖြင့်  အသက်ရှူပင် မဝတော့သလို ဖြစ်နေ သည်။

Sabrina က တကယ်ပဲ အဲ့လိုမျိုး သေဆုံးခဲ့ရတာလား။

ဒါပေမယ့် သေလူတွေဆီမှာ လိုက်ရှာခဲ့တာတောင် ဘာလို့
မတွေ့ခဲ့ရတာလဲ။

အဖြစ်အပျက်တွေ ဘာတစ်ခုမှ မသိဘဲနဲ့ သူမကို ပြန်မလာရကောင်းလား ဆိုပြီး အပြစ်တင်နေခဲ့မိတာ။

သူ အသုံးမကျလို့ ဖြစ်ရတာ။
သူ ဒီထက်ပိုအားစိုက်ပြီး သေချာ ရှာဖွေခဲ့သင့်တာ။

သူမကို သစ္စာမရှိပါဘူးလို့ စွပ်စွဲပြီး တကယ်တမ်း သူကမှ...

ယောက်ယတ်ခတ်နေသော အတွေးပေါင်းစုံကြောင့် သူ ခေါင်းတွေပင် မူးဝေလာသလို ခံစားရသည်။

တုန်တုန်ယင်ယင်နဲ့ ထရပ်လိုက်တော့ Rachel က သူ့အနားကို ကပ်လာသည်။
တခြားသူများကတော့ သူ့ကို ပဟေဠိ မျက်လုံးတွေနှင့်သာ စိုက်ကြည့်နေကြသည်။

"အဆင်ပြေရဲ့လား Alex
Alex...”

Rachel ပြောသည်များကို သူ သေချာမကြားမိ။

ပတ်ဝန်းကျင်ရှိ အရာအားလုံး ဝေဝါးနေသလို ခံစားရကာ ဘာကိုမှ ကြည်ကြည်လင်လင် မတွေးနိုင် ဖြစ်နေသည်။

Sabrina ဆိုတိုင်းလည်း အဲ့ မိန်းကလေးဖြစ်ချင်မှ ဖြစ်မှာပေါ့။
ဟုတ်တယ်။
ဆံပင် အနက်ရောင် ကောက်ကောက်နဲ့ Sabrina တွေက ကမ္ဘာပေါ်မှာ အများကြီး ရှိနိုင်တာပဲ။

အဖြစ်မှန်ကို ရိပ်မိပါလျက် သူ့စိတ်ကိုသူ အတင်း ဖြောင့်ဖျနေမိသည်။
Rachel က သူ့မျက်နှာကို ကိုင်ကာ ဘာတွေပြောနေလဲ သူ
မသိ။

အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းကာ စိတ်တည်ငြိမ်အောင် ကြိုးစားကြည့်သည်။
မရ။
မတတ်နိုင်သည့် အဆုံး Rachel ကို တွန်းဖယ်ကာ ဒီလူတွေကြားက ရှောင်ထွက်သွားဖို့ လုပ်ရသည်။

"ခဏ။
ငါ ခဏ အချိန်လိုတယ်။”

ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်လိုက်မိသည်။
Steve ၏ မကျေမနပ် ပြောသံတွေကို ကြားနေသော်လည်း သူ ဂရုမစိုက်တော့။
သူ့အတွက် သီးသန့် အချိန်လိုသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now