Chapter 3

2.4K 311 20
                                    

(Unicode)

ရှေ့ဖြစ်ဟောသူများ၊ ဒေသထွက်ပန်းအရောင်းဆိုင်များ ရှေ့မှ ဖြတ်လျှောက်ရင်း Rachel တောင်တွေးမြောက်တွေး တွေးနေမိသည်။

Ahhh ဒီအချိန် ဘီယာအေးအေးလေး သောက်လိုက်ရလို့ကတော့ ရှယ်ဘဲ။

အိမ်တွင် ကျန်ခဲ့မည့် David အဖြစ်ကို မြင်ယောင်ကြည့်မိတော့ ရယ်ချင်စိတ်က ထိန်းမရ။
ဟိုကောင်လေး နိုးလာရင်တော့ ကျိန်းသေတိုင်ပတ်နေမှာဘဲ။

တွေးရင်း လျှောက်လာရင်း Emily ဖွင့်ထားသော Bar အရှေ့သို့ရောက်လာသည်။

Bar အတွင်းသို့ ဝင်လိုက်သည်နှင့် ဘီယာနံ့လေးက သင်းခနဲ။

ဝင်ထိုင်လိုက်သည်နှင့်တပြိုင်နက် အကြောင်းသိပြီးသား Emily က သူ့အကြိုက် ဘီယာပုလင်းယူပြီး ထွက်လာသည်။
ထို့နောက် Rachel မျက်နှာကို သေချာကြည့်ပြီး​ပြောသည်။

"နင့် ငါ့ကို ဒုက္ခပေးစရာ ရှိနေပြီမလား။"

Rachel တော်တော်လေး အံ့သြသွားမိသည်။

"Wow နင်တော်တော် တိုးတက်လာတာဘဲ။
အိမ်ရောက်မှ Davidကို နင်တိုးတက်လာတဲ့ အကြောင်း ကြွားပေးမယ်။"

Emily မျက်နှာက မဲ့ရွဲ့သွားသည်။

"ငါ ရှေ့ဖြစ်ဟောတာ မဟုတ်ဘူး။
နင့် မျက်နှာ အနေအထားအရ ငါ့ကို ဒုက္ခပေးတော့မယ့် မျက်နှာဆိုတာ ငါသိနေတယ်။
ပြီးတော့ နင့်ရဲ့ အရေမရ အဖတ်မရ မောင်ကို ငါ့အကြောင်းတွေ သံတော်ဦးတင်နေဖို့ မလိုဘူး"

"အေး။ ဘာဘဲဖြစ်ဖြစ်
နင် အခုတလော Steve နဲ့ မတွေ့ချင်ဘူးလား။"

"နင်ပြောတာ Steve Walker
Xavier werewolves pack ရဲ့ alpha ကိုပြောတာလား။"

"နင်ကြိုက်နေတာ Steve ဘယ်နှစ်ယောက်တောင်ရှိလို့လဲ။"

Rachel ပြောလိုက်တော့ Emily ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
ထို့နောက် ချောင်းတချက်ဟန့်ပြီးမှ ပြန်ပြောသည်။

"နံပါတ်၁ ငါသူ့ကို စိတ်ဝင်စားတဲ့ အဆင့်မှာဘဲရှိတယ်။ ကြိုက်နေတာ မဟုတ်ဘူး။
နံပါတ်၂ ငါက ဘာကိစ္စတွေ့ချင်ရမှာလဲ။"

Rachel ငြိမ်ကျသွားတော့ Emily လိုက်စဥ်းစားသည်။
ပြီးတော့မှ အလန့်တကြားနှင့်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now