Chapter 34

970 151 15
                                    

(Unicode)

David က သူမကို မယုံနိုင်သလို ကြည့်နေပြီးမှ ခေါင်းကို တွင်တွင် ခါယမ်းသည်။

"နင်...နင်က Rachel အစစ် မဟုတ်ဘူးမလား။
နေဦး။
နင် သေသွားပြီလို့တော့ ငါ့ကို မပြောနဲ့နော်။”

David ၏ အလန့်တကြားပုံကို ကြည့်ရင်း Rachel မထိန်းထားနိုင်တော့ဘဲ အားပါးတရ ရယ်ချလိုက်မိသည်။

"အမလေး ငါက Rachel အစစ်ပါ Dave ရဲ့။
ပြီးတော့ ငါမသေသေးပါဘူး။
အင်း ဒါပေမယ့် သေလုမျောပါးပေါ့။”

နားမလည်သလို အူကြောင်ကြောင် ဖြစ်နေဆဲ David ကို
ကြည့်ရင်း သူမ သနားလာ၍ လက်ဆွဲကာ အနားရှိ စားပွဲတစ်ခုတွင် ထိုင်ခိုင်းလိုက်ရသည်။

ထို့နောက် သက်မချကာ အကြောင်းအရာစုံကို ဇာတ်စုံခင်း  ရှင်းပြလိုက်ရသည်။

"အဲ့တော့ နင်က ဟိုအကောင် အကြောင်းကို သိရဖို့ ငါ့ကို တမလွန်ထိ လာခြောက်လှန့်တဲ့ သဘောပေါ့လေ။”

Rachel အားပါးတရ မျက်စောင်းထိုးချမိလိုက်သည်။
ထို့နောက်မှ ဝင်လာကတည်းက စိတ်ဝင်စားနေမိသော David ဆံပင်တွေကို မေးဆတ်ပြပြီး မေးလိုက်သည်။

"နင်သေတာမှ နာရီပိုင်းဘဲ ရှိသေးတယ်။
နင့် ဆံပင်တွေက ဘယ်လို ပြာသွားရတာလဲ။”

သူမပြောတော့ David က သူ့ဆံပင်ပြာတွေကို သေချာ လက်နှင့် သပ်တင်လိုက်သည်။

"ငါက တစ်နှစ်တစ်ခါတောင် ဆံပင် အရောင်ပြောင်းနေတာ။
သေပြီးမှတော့ နောက်တစ်ရောင် ပြောင်းကို ပြောင်းရမှာပေါ့ဟ။”

David ၏ မှတ်သားဖွယ်ရာ အတွေးအခေါ်တွေကို တုံ့ပြန်ငြင်းခုန်လိုစိတ် မရှိတော့သဖြင့် Rachel မျက်လုံးသာ လှန်ပြလိုက်တော့သည်။
ထို့နောက် သီချင်းသံ ဆူဆူပူပူတွေကြားတွင် တွန့်ကွေးအောင် ကနေသော မိန်းကလေးများကို တစ်ချက်လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အဲ့တော့ ဒါက နင့် ငြိမ်းချမ်းရာ ပေါ့လေ။”

David က တဟဲဟဲရယ်ကာ ခေါင်းကုတ်သည်။

"အင်းး ငါ့ ငြိမ်းချမ်းရာက သိပ်တော့ အေးချမ်းမနေဘူး။
ဘယ်လို ပြောရမလဲ။
ငါက ဆူဆူပူပူတွေ ကြိုက်တယ်လေ။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now