Chapter 38

1K 177 22
                                    

(Unicode)

"ကျွန်မ လုပ်နိုင်ပါ့မလား အဘွား။
တစ်ခါမှ ဘိုးဘေးတွေနဲ့ ဆက်သွယ်ဖူးတာ မဟုတ်ဘူး။”

Rachel ထွက်သွားချင်းချင်း သူမတို့ ​မြေးအဖွားနှစ်ယောက် ဘိုးဘေးတွေနှင့် ဆက်သွယ်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို ချက်ချင်း ပြင်ဆင်သည်။
နာရီဝက်ပင်မကြာ အားလုံး အဆင်သင့် ဖြစ်သွားချိန်တွင် အဖွားက သက်ပြင်းချကာ စိတ်အာရုံ စူးစိုက်ဖို့ စကြိုးစားသည်။

Emily ကတော့ ထိုမျှထိ မတည်ငြိမ်နိုင်။
တစ်ခါမှ မလုပ်ဖူးသည့် အစီအရင် ဖြစ်သည့်အပြင် နည်းနည်းလေးမှ အမှားအယွင်း မခံနိုင်သည်မို့လို့ စိတ်ဖိစီးကာ ရင်တွေ တလှပ်လှပ် ဖြစ်နေသည်။

အစီအရင် မစခင် စိတ်လှုပ်ရှားစွာဖြင့် မေးမိတော့ အဖွားက သူမ၏ ပုခုံးတွေကို ဆုပ်ကိုင်လာသည်။

"Emily သမီး။
အဖွားကို ကြည့်စမ်း။
သမီး လုပ်ကို လုပ်နိုင်မှာပဲ။
အဖွားတောင် သမီးလောက် သတ္တိမရှိခဲ့လို့ အားလုံးကို ဖုံးကွယ်ပြီး နေခဲ့တာ။
ငါ့မြေးက အဖွားထက် အများကြီး ပိုထူးချွန်တယ်။
လုပ်ကို လုပ်နိုင်မှာပါ။
ပြီးတော့ Christopher နှင့် ပတ်သက်ရင် ဘိုးဘေးတွေက ကျိန်းသေ ကူညီပေးလိမ့်မယ်။”

အဖွားက စကားအဆုံး၌ သူမကို နှစ်လိုလက်ရ ပြုံးပြသည်။ယုံကြည်မှုဖြင့် အရောင်တောက်ပနေသော မျက်ဝန်းတွေထဲမှ နွေးထွေးသော အားအင်တွေက သူမကိုယ်ထဲသို့ တစိမ့်စိမ့် စီးဆင်းသွားသလို ခံစားလိုက်ရသည်။

Emily ခေါင်းငြိမ့်ကာ အဖွားလက်ကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။

ကျိန်းသေ ငါလုပ်ကို လုပ်နိုင်ရမှာပေါ့။

"စလုပ်ကြရအောင် အဖွား။
အချိန် သိပ်မရှိတော့ဘူး။
ကျွန်မတို့ ကျိန်းသေ အောင်မြင်မှာပါ။”

အဖွားက သူမကို တစ်ချက် ပြုံးပြကာ လက်ဖဝါးကို တင်းနေအောင် ပြန်ဆုပ်ကိုင်လိုက်သည်။

ထို့နောက် နှစ်ယောက်လုံး စိတ်ကို အဆုံးစွန်ထိ လျှော့ချပြီး စွမ်းအားကြီး မန္တာန်၏ အာရုံစေစားမှုအပေါ် စီးမြောပါဝင်သွားကြတော့သည်။
....................

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now