Chapter 26

927 155 9
                                    

(Unicode)

Steve ၏ မျက်လုံးများ ပြာဝေသွားသည်။
ကျယ်လောင်လှသော သေနတ်သံကြောင့် နားတွေပါ အူထွက်သွားသလို။

စက္ကန့်ပိုင်း အတွင်း ဖြစ်ပျက်သွားသမျှမှာ မြန်ဆန်လွန်းလှသဖြင့် Steve ခဏ ကြောင်အနေမိသည်။

အမြင်အာရုံ ပြန်လည် ကြည်လင်လာသည့် အချိန်မှ သွေးတွေ အိုင်ကာလဲနေသော Henry ကို Christopher က ပွေ့ထားသည်ကို တွေ့လိုက်ရသည်။

ရင်ထဲမှာ ပူထူနာကျင်ကာ ခံစားနေသမျှကို ဦးနှောက်က ရုတ်တရက် အဖြေမထုတ်နိုင် ဖြစ်နေသည်။

ဒီကောင် အစထဲက ဒီမှာရှိနေတာဘဲ။
ကိုယ်ပျောက် မန္တာန်နဲ့ ပုန်းနေတာ နေမှာ။

Chris က သူ့ကို တစ်ချက်မော့ကြည့်ကာ Henry အလောင်း ကို မပြီး ထွက်ပြေးသွားတော့သည်။

ထုံထိုင်းဝေဝါးကာ ကြောင်အမ်းနေသော Steve လည်း ထိုအခါမှ သတိပြန်ဝင်လာသည်။

"လိုက်ကြ သူ့နောက်ကို အားလုံးလိုက်။”

Steve ၏ အသံကိုကြားမှ ကြောင်စီစီဖြစ်နေသော Werewolves များရော၊ ခုမှ ရောက်လာသော Witch များပါ မြင်းတွေဆွဲကာ ဒုန်းစိုင်း ပြေးလိုက်ရတော့သည်။

အပြင်တွင် နေရောင်သဲ့သဲ့ကို မြင်နေရပြီ ဖြစ်သည်။

Henry သွေးအိုင်ထဲတွင် လဲနေသော မြင်ကွင်းကိုသာ Steve ထပ်တလဲလဲ မြင်ယောင်နေမိသည်။

ကလေးငယ် သေဆုံးသွားပြီဆိုတာ သူ မယုံနိုင်။

ဟင့်အင်း မဖြစ်နိုင်လောက်ပါဘူး။
သူ အမြင်မှားတာပဲ နေမှာပါ။
ကလေးငယ်နဲ့ သူက ထာဝရ အတူနေကြမှာ မဟုတ်လား။

သူ စိတ်အား ပြင်းပြလွန်းလို့ဘဲလား မသိ။
ခရမ်းရောင် အလင်းတန်းလေးက အားစိုက်စရာ မလုိဘဲ ချက်ချင်း ပေါ်လာကာ သူတို့ကို လမ်းပြပေးနေသည်။

သချိုင်းမြေ တစ်ခု အရောက်မှာတော့ အလင်းတန်းလေး ပျောက်သွားခြင်းနှင့် အတူ Henry ၏ အလောင်းကို ကိုင်ထားသော Chris ကို အုတ်ဂူတစ်ခုရှေ့၌ တွေ့လိုက်ရသည်။

Steve ကို မြင်တော့ Chris က အလောင်းကို အုတ်ဂူ နှစ်ခုကြားတွင် အသာချလိုက်သည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now