ကျေးဇူးတင်လွှာ

1.3K 135 29
                                    

နောက်ဆုံးတော့ ဆူးရဲ့ ပထမဆုံး ဇာတ်လမ်းရှည်လေးကို အဆုံးသတ်နိုင်ခဲ့ပါပြီ။

အကောင်းမွန်ဆုံး မဟုတ်ပေမယ့် ပထမဆုံး အပြီးထိ အဆုံးသတ်နိုင်ခဲ့တဲ့ ဖန်တီးမှုလေးဖြစ်တာကြောင့် Beyond the eternity လေး အတွက် ဆူး အရမ်း ပျော်မိပါတယ်🤗

မာနခဲ Hybrid ကြီး Alexanderနဲ့ တုံးချင်ယောင်ဆောင်ပြီး ရေခဲတုံးကြီးဆီက အချစ်တွေကို ရအောင်ခြွေတဲ့ လူလည်လေး Lucas
ပေါတောတော အူကြောင်ကြောင် ရိုးသားလွန်းသူ နှစ်တစ်ရာ FAကြီး ကိုကို David
ခပ်စွာစွာ မမ Rachel နဲ့ Drama queen မမ Em
ချစ်တတ်လွန်းသူ werewolf ကြီး Steve နဲ့ နှလုံးသားရဲ့ အလိုကို မငြင်းနိုင်တဲ့ Henry လေး
အချစ်ကြောင့်ပဲ ရှုံးခဲ့ရတဲ့ လူဆိုးကြီး Christopher

စတဲ့ ဇာတ်ကောင်လေးတွေအားလုံးအပေါ်လည်း ဆူး တကယ်ကို တကယ်ကို ဂုဏ်ယူမိပါတယ် 😎

ဒီ fic လေးက one shot လေး တစ်ပုဒ်ပြီးရင် ဆူး ဒုတိယမြောက် ရေးဖြစ်ခဲ့တာလေးပါ။

စစချင်း ရေးတာမို့လို့ အရမ်းကို အမှားများပါတယ်။
ဝါကျ အထားအသိုတွေ၊ စာလုံးပေါင်းတွေလည်း အတော်လေး လွဲပါတယ်။
အရှေ့ chapter တွေဆို အတော်လေး သိသာပါတယ်။
အဲ့အပိုင်းတွေကိုလည်း ဆူး တဖြည်းဖြည်းနဲ့ ပြန်ပြင်ယူပါ့မယ်😞

နောက်ပိုင်း Chapter တွေမှာတော့ အနည်းငယ် ပိုပြေပြစ်လာတယ် ထင်မိပေမယ့် ကိုယ့်ကိုယ်ကို အားမရသေးတာတော့ အမှန်ပါပဲ။
ဆူး အများကြီး ကြိုးစားဖို့ လိုပါတယ်😔

Paranormal fic လေး ဖြစ်တာမို့လို့ ဇာတ်လမ်း၊ ဇာတ်အိမ် အယူအဆတွေကို အတတ်နိုင်ဆုံး ရှင်းလင်းအောင်တော့ ဆူး ကြိုးစားရေးထားပါတယ်။
အရမ်း ရှုပ်ထွေးပြီး နားလည်ရခက်နေရင်တော့ အရေးအသား ညံ့ဖျင်းတဲ့ ဆူးရဲ့ အပြစ်ပါပဲ။

ကျေးဇူးတင်လွှာဆိုပြီး လေကြောရှည်နေတာနဲ့ ကျေးဇူး တင်မယ့် အပိုင်းကို မရောက်သေးဘူးပေါ့နော်😁

ပထမဆုံးနဲ့ အရေးအကြီးဆုံး ကျေးဇူးတင်ချင်ရမယ့်သူ တေွကတော့ စာဖတ်သူလေးတွေပါ။
Silent ပဲ ဖတ်ဖတ်၊ ဘယ်လို ဖတ်ဖတ်၊ ဖတ်ပေးတာနဲ့တင် ဆူးက ကျေးဇူးအများကြီးတင်လှပါပြီ။
အပိုင်းတိုင်း vote ပေး၊ feedback ပေးတတ်တဲ့ reader တစ်ယောက်ချင်းစီကိုတော့ ဆူးက တကယ်ကို မှတ်မှတ်ရရ ဖြစ်နေမှာပါ။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now