Epilogue

3.4K 205 10
                                    

(Unicode)

7နှစ်ခန့်ကြာသော်

မနက် စောစောစီးစီး လေသာဆောင်တွင် ဝိုင်သောက်ချင်သည်ဆိုသော Xan ကြောင့် Lucas ပါ အိပ်မှုန်စုံမွှားနှင့် အူကြောင်ကြောင် ထလာရသည်။

စောစောစီးစီး တက်ကြွ လှုပ်ရှားနေကြသော မြို့လမ်းမကြီးပေါ်မှ လူတွေကို မြင်ရပြန်တော့လည်း အိပ်ချင်ပြေကာ လန်းဆန်းသွားရသည်ပင်။

အင်းးလေ။
မနက်ဖြန်က သာမန်နေ့မှ မဟုတ်တာဘဲ။

လွန်ခဲ့သော 7 နှစ်က အိမ်မက်ဆိုး ညကြီးကို ကျော်လွှားနိ ုင်ဖို့ Xan ရော Lucas သာမက Mistasia မြို့သူမြို့သားအားလုံး စိတ်အင်အားတွေကို ပြန်လည် တည်ဆောက်ခဲ့ရသည်ပင်။

Xan ၏ ခေါင်းဆောင်ကောင်း ပီသစွာ ဦးဆောင်နိုင်မှုကြောင့်သာ အစကထက်ပင် သာလွန်သော အခု အခြေအနေကို ရောက်လာခဲ့ရခြင်းပင်။

"မြို့ထဲက ပွဲတွေအားလုံးထဲမှာ Margentshae' ပွဲကို Dave က အကြိုက်ဆုံးပဲ။”

David ကို လွမ်းဆွတ်တမ်းတနေဟန် Xan လေသံကြောင့် Lucas က စကား လမ်းကြောင်း​ အမြန်ပြောင်းဖို့ ကြိုးစားသည်။

"ဒီနှစ် Tourist အဝင် စာရင်းက မနှစ်ကထက် အများကြီး ပိုတိုးတက်လာတယ်။
ကျွန်တော် မြို့ရဲ့ စီးပွားရေးကို ဝင်ကူပြီး အကြံပေးကတည်းက မြို့ရဲ့ ဝင်ငွေက သုံးဆလောက် ခုန်တက်သွားတာ။
ကျွန်တော် ပေးတဲ့ အကြံဉာဏ်တွေ အတိုင်း လိုက်လုပ်လို့
ဒီလောက်ထိ တိုးတက်လာတာ။
ခင်ဗျားလို ဒိတ်အောက် အတွေးအခေါ်တွေနဲ့သာဆို ကြာလေ မြို့ခံတွေ မွဲလေလေ ဖြစ်မှာ။
တကယ်တော့ အခွန်ကိစ္စမှာလည်း....”

ပြောရင်း အရှိန်ရလာသဖြင့် Xan ဘက်ကို ပြန်လှည့်မကြည့်တော့ဘဲ ဆရာကြီးလေသံနှင့် ဆက်တိုက် လွှတ်နေမိသည်။

ဆယ်မိနစ်ကျော်လောက် ပြောပြီးသည်အထိ Xan ဆီက ဘာအသံမကြားရတော့မှ မယုံသင်္ကာနှင့် လှည့်ကြည့်လိုက်မိတော့...

Xan က သူ့ဘေးမှာ ဒူးထောက်နေကာ လက်စွပ်ဘူးကို ကိုင်ထားသည်။

ရုတ်တရက်ဆန်လွန်းသော မြင်ကွင်းကြောင့် သူ ကြောင်အမ်းသွားစဥ်မှာပဲ

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now