Chapter 23

978 168 17
                                    

(Unicode)

Lucas မျက်လုံးပွင့်ပွင့်ချင်း ဝေဝေဝါးဝါး မြင်လိုက်ရသည်က ဆေးရောင်ပြယ်နေသော နံရံများနှင့် သော့ခတ်ထားသည့် သံတံခါးတစ်ချပ်။
ပတ်ဝန်းကျင် လေထုက အေးစက်ထိုင်းမှိုင်းကာ အနံ့အသက်လည်း သိပ်မကောင်း။
လှည့်ပတ်ကြည့်လိုက်မိတော့ မျက်နှာကျက်ထောင့်ထားနားက မီးလုံးလေးမှ လွဲ၍ အခြား ဘာဆိုဘာမှ မရှိသည့် အခန်းကျဥ်း​လေးတစ်ခုတွင် ရောက်နေတာမှန်း သိလိုက်ရသည်။
အနေအထားအရ Hemsworth အိမ်ကြီး၏ မြေတိုက်ခန်းပင် ဖြစ်လောက်မည်။

Lucas တစ်ကိုယ်လုံးရှိ အားများ စုပ်ယူခံထားရသလို နွမ်းလျနေသည်။
အတော်လေး မူးဝေကာ ဇတ်လည်း အလွန်နာနေသဖြင့် ထထိုင်ဖို့ကိုပင် မနည်း အားယူနေရသည်။
မျက်စိကို ခဏပြန်မှိတ်ကာ ခေါင်းကြည်အောင် ကြိုးစားယူနေရသည်။

စက္ကန့် အချို့အကြာမှ အသိအာရုံတွေ ကြည်ကြည်လင်လင် ပြန်ဖြစ်သွားသည်။
ဦးနှောက်က ရေရေရာရာ စဥ်းစားနိုင်သည်နှင့် တန်းသတိရမိသည်က မနက်က အဖြစ်အပျက်။
ထို့နောက် သူ သတိမေ့မသွားခင် နောက်ဆုံး မြင်လိုက်ရသည့် Xan ၏ ​ကြေကွဲနာကျင်နေသည့် မျက်ဝန်းတွေ။

ရုတ်တရက် ကြားလိုက်ရသည့် ခြေသံတွေကြောင့် ရှေ့ကို ပြန်လှည့်ကြည့်လိုက်မိသည်။
သံတံခါးရှေ့တွင် ပေါ်လာသည်က Rachel, David နှင့်...
သူ့၏ Xan

Xan ၏ မျက်နှာက ပုံမှန်ထက် အဆပေါင်းများစွာ ပိုတည်တင်းနေသည်။
သို့သော်လည်း ညိုဖန့်ဖန့် မျက်ဝန်းတွေထဲက နာကျင်ရိပ်တွေကို Lucas မြင်နေရဆဲပင်။

အင်းလေ Xan က ဘယ်တုန်းကမှ ဟန်ဆောင်ကောင်းသူ မဟုတ်ခဲ့တာဘဲ။

Lucas က စိုက်ကြည့်နေမိတော့ Xan က ချက်ချင်း အကြည့်လွှဲကာ သံတံခါးကြားမှ သွေးတစ်ထုပ် ပစ်ပေးသည်။

"သောက်လိုက်။
ပြီးရင် ငါတို့ကို မင်းရှင်းပြရမှာတွေ အများကြီးပဲ။”

Xan ၏ အသံက စတွေ့တုန်းကထက် အစပေါင်းမျာစွာ ပို၍ အေးစက်မာကျောနေသည်။
David ကလည်း မယုံနိုင်သည့် မျက်နှာထားမျိုးနှင့် သူ့ကို ကြည့်နေသည်။

ရင်ထဲမှ ထိုးတက်လာသော ဆို့နင့်မှုကို မျိုချရင်း သွေးထုပ်ကို ကောက်ယူကာ ဖောက်သောက်လိုက်သည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now