Chapter 9

1.3K 199 20
                                    

(Unicode)

အခုရက်ပိုင်း Alex ၏ ပုံစံက လုံးဝ မူမှန်မနေ။
သူ့ သီးသန့် အခန်းထဲကနေ ထွက်ကိုမလာတာ ၂ရက် ၃ရက်ရှိနေပြီ။

Rachel သတိထားမိသလောက် ပွဲတော်အပြီး နောက်​တစ်နေ့ မနက်ထဲက ဖြစ်သည်။

အဲ့နေ့ တစ်နေ့လုံး မျောက်မီးခဲကိုင်ထားသလို ဂဏှာမငြိမ် လှုပ်လှုပ်ရွရွ ဖြစ်နေသည်။
မြို့လူကြီးများနှင့် အလုပ်ကိစ္စပြောဆိုရာတွင်လည်း အကုန် အလွဲလွဲ အချော်ချော်။

ညဘက် Rachel နှင့် ခြံထဲတွင် ထိုင်နေတုန်းကလည်း သူမ ပြောနေသည့် စကားတွေအပေါ် အာရုံမရှိဘဲ တွေးငေးနေသည်။

ထို့နောက် Lucas နှင့် David ထွက်လာသည်ကိုလည်း မြင်ရော နေရာမှ ချက်ချင်း ထထွက်သွားသည်။

Lucas ကလည်း Alex ကို မြင်သည်နှင့် ခွေးနေရာမရ
ဖြစ်ကာ အထဲပြန်ဝင်ရမလိုလို၊ Rachel နားဘဲ လာထိုင်ရ
မလိုလိုနှင့် ကတုန်တယင်တွေ ဖြစ်နေသည်။

ထိုအချိန်ပြီးကတည်းက Alex တစ်ယောက် အခန်းအောင်းသွားလိုက်တာ သွေးလာယူသောက်ချိန်မှ အပ တခြားအချိန် ထွက်ကို မလာတော့။

ပြီးတော့ ​တခြားဘယ်သူ့ကိုမှလည်း အထဲ အဝင်မခံ။

Lucas ကို မေးကြည့်တော့လည်း ဘာမှမဖြစ်ပါလို့သာ ဖင်ပိတ်ငြင်းနေသည်။

Alex ဒီလိုမျိုး ဖြစ်နေသည်ကို သူမ မကြိုက်ပါ။
စိတ်ရှုပ်ထွေးစရာ တစ်ခုခုရှိမှသာ Alex က အဲ့အခန်းကြီးထဲ ဝင်နေတတ်တာ ဖြစ်သည်။

Rachel သက်ပြင်းချလိုက်မိသည်။
ဒီညတော့ Alex ကို အဲ့အခန်းကြီးထဲက ရအောင် ဆွဲထုတ်မှကို ဖြစ်မည်။

အခြေအနေတွေ ပိုဆိုးရွားမသွားခင် သူမ ဝင်ဖြေရှင်းပေးဖို့ လိုသည်။
....................

"မင်းနဲ့ Alex က ဘာတွေ ဖြစ်ထားကြတာလဲ။”

သူနှင့် Lucas နှစ်ယောက်တည်း ခြံထဲရှိ မြက်ခင်းတွင် ထိုင်ကာ ဝိုင်သောက်နေကြရင်းက David မနေနိုင်လွန်းစွာ မေးလိုက်မိခြင်း ဖြစ်သည်။

သူ့စိတ်ထဲ တနုံနုံ​့ ဖြစ်နေသည်မှာ ပွဲတော်ည ပြီးကတည်းက။
ထိုညက နှုတ်ခမ်း တထော်ထော်နှင့် ခြေကားယား လက်ကားယား လမ်းပေါ်လဲနေသော Lucas ကို သူ မနည်း အိမ်ပြန်သယ်လာခဲ့ရသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now