Chapter 4

1.9K 260 21
                                    

Unicode

"အဲ့တော့ လပြည့်ညတုန်းက မင်းတို့ထဲက မြို့ထဲကို သွားမိတဲ့သူ
မရှိတာ သေချာပြီပေါ့။”

ညဘက်ကြီး ဖြစ်၍ Greendale တောအုပ်အတွင်းတွင် Steve ၏ အသံတစ်ခုထဲ ဟိန်းနေသည်။

သူတစ်ယောက်တည်း နေသော တဲရှေ့သို့ သူ့နောက်လိုက်အားလုံးကို စုခိုင်းကာ နေ့လည်က Emily လာမေးသော ကိစ္စကို သေချာအောင်  ပြန်မေးနေရခြင်း ဖြစ်သည်။

သူ့ရှေ့ရှိ Werewolves အားလုံးက ခေါင်းတွေခါနေကြသည်။
တစ်ယောက်မှ သွားမိပါတယ်ဟု ဖြေသောသူမရှိ။
ဘာလို့လဲဟု ပြန်မေးခွန်းထုတ်ချင်နေသည့် မျက်နှာ​ပေးတွေနှင့်။

Steve လည်း ကိုယ့် pack ကို ယုံသည်။
အကြောင်းမဲ့ ဘယ်ကမှန်းမသိတဲ့သူကို ကိုက်ဖို့ဆိုတာ မဖြစ်နိုင်။

အားလုံးက ငြင်းနေတော့ Steve စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပြီ ဒါဆို ငါမနက်ဖြန် Hemsworth တွေကို သွားပြောပေးမယ်။
ငါ အမြဲပြောနေကြကိုဘဲ ထပ်ပြောမယ်။
မင်းတို့ကို ငါထာဝရအကြွင်းမဲ့ ယုံကြည်ပေးချင်တယ်။
ငါ့ကို စိတ်ပျက်အောင် မလုပ်ဖူးလို့ မျှော်လင့်ပါတယ်။
ကဲ မင်းတို့ ကိုယ်လုပ်စရာရှိတာ သွားလုပ်လို့ရပြီ။”

သူ့ပြောစကားပြီးတော့ Werewolves တွေလည်း ပွစိပွစိပြောရင်း အလျှိုလျှိုထွက်သွားကြသည်။

Steve တစ်ယောက်ထဲသာ တဲရှေ့မှာ ကျန်ခဲ့သည်။
သူ သက်ပြင်းဖွဖွချရင်း မသိစိတ်က ဆုတောင်းမိသည်။

"ဘုရားသခင် ဒီအပြန်အလှန် ယုံကြည်မှုလေးကိုတော့ အသက်ရှိနေသရွေ့ ပိုင်ဆိုင်ပါရစေ။ ”

................

"အဲ့တာလေးနဲ့ဘဲ မင်းpackက မဟုတ်ပါဘူးလို့ မင်းဘယ်လို အာမခံနိုင်မလဲ။”

Emily မျက်ခမ်းတွေ လှုပ်လာမိသည်။
အခြေအနေတွေက တင်းမာလာပြီ ဖြစ်သည်။
အစွန်ဆုံး ခုံကနေ Bar ကောင်တာထိ ကြားရလောက်အောင် အသံတွေကျယ်လာသည်။

အစကတော့ သူ့ bar ကို Steve ရောက်လာသဖြင့် ဝမ်းသာလုံးစို့နေမိသည်။
Alex Hemsworth ပါ ရောက်လာကာမှ ဟိုနေ့က ကိစ္စမှန်း ရိပ်မိတော့သည်။
အဆင်လည်း ပြေပုံမရ။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now