Chapter 31

964 154 24
                                    

(Unicode)

Mistasia ၏ ဘေးကပ်ရပ်မြို့မှ သချိိုင်းမြေ။

သူ အမုန်းဆုံး တိရစ္ဆာန် ကလီစာ ထုတ်ခြင်းကို လုပ်နေရခြင်း ဖြစ်သဖြင့် Chris ၏ မျက်နှာက အတော်ပင် မကြည်မလင် ဖြစ်နေသည်။

အသက်မရှိတော့သော ကြောင်ကို စိတ်ပျက်ပျက်နှင့် ကြည့်ကာ အူတွေကို အ​မြန်ဆွဲထုတ်လိုက်သည်။

ထို့နောက် တစ်ခြား ​ကြောင်ကိုးကောင်၏ အလောင်းရှိရာသို့ လှမ်းပစ်လိုက်သည်။

Tribrid နှင့် ဒီကြောင်တွေ ဘာဆိုင်လို့ စတေးမှုမှာ ပါနေရလဲ သူစဥ်းစားမရ။

တိရစ္ဆာန်တွေကို သတ်ရတာ သူ တကယ်ကို မနှစ်သက်။
ရွံစရာကောင်းသည်ဟု ထင်မိသည်။

အချိန်မရှိသဖြင့် သူ အကျယ်ချဲ့ တွေးမနေတော့။
ပူပူနွေးနွေးသတ်ထားသော လူဆယ်ယောက်ဆီမှ လည်ချောင်းသွေးတွေကို ကြောင်ဆယ်ကောင်၏ အူတွေထည့်ထားသော ဇလုံကြီးထဲသို့ လောင်းချလိုက်သည်။

ထိုနောက် ပါဝင်ပစ္စည်း တစ်ချို့ကို ထပ်ထည့်ကာ မန္တာန်ကို ဖြည်းဖြည်းချင်း စရွတ်သည်။

မန္တာန် အရှိန်ရလာသည်နှင့် Chris မျက်ဖြူတွေ လန်လာကာ တစ်ကိုယ်လုံး တုန်ယင်လာသည်။။
သူ့ ပတ်ဝန်းကျင်ရှိ စားပွဲ၊ ဖန်ပုလင်း စသည့် ပစ္စည်းများကလည်း တစ်ဝုန်းဝုန်း တုန်လှုပ်နေသည်။

သူ့ရှေ့မှ အူတွေ၊ သွေးတွေ ထည့်ထားသည့် ခွက်ကြီး
မီးထတောက်ပြီးသည့် အချိန်တွင်တော့ အစီအရင် အောင်မြင်သွားပြီမှန်း Chris သဘောပေါက်လိုက်ရသည်။

သူ နှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိကာ လက်ကသွေးတွေကို အလောင်းတစ်လောင်းမှ အကျီနှင့် လှမ်းသုတ်လိုက်သည်။

ထို့နောက် ဦးထုပ် အဝိုင်းကို ယူကာ ဆောင်းလိုက်ပြီးနောက်မှာတော့ ထို သချိုင်းမြေမှ လေတချွန်ချွန်နှင့် အေးအေးလူလူ ထွက်လာခဲ့လိုက်ပါတော့သည်။
.................

David နိုးလာချင်းချင်း ဘဝင်ရူးမ၏ အသံကို ဦးစွာ ကြားလိုက်ရသဖြင့် အတော်လေး စိတ်လေသွားမိသည်။

Rachel ရယ် နင် ဒီထက် ချောမောချိုသာတဲ့ Witch ကို မရှာနိုင်တော့ဘူးလား။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now