Chapter 1

6.3K 424 12
                                    

Zawgyi

Mistasia မြို့၏ ညခင်း အချိန်။

သာမန်လူတို့၏ အိပ်ချိန်ဖြစ်သော်လည်း မြို့ရှိ club, bar တို့ကတော့ ကောင်းစွာ အသက်ဝင်နေသေးသည်။

EDM သီချင်းသံတို့နှင့် ဆူညံနေဆဲ club တစ္ခု၏ အပြင်ဘက်မှာတော့
အတွင်းနှင့် ပြောင်းပြန် အပ်ကျသံပင် မကြားရ။
မိန်းကလေးတစ်ဦးနှင့် လူကြီးတစ်ဦးသာ ရှိသည်။

ပိန်သွယ်သွယ်၊ အညိုရောင် ဆံပင်ရှည်တွေနှင့် အရပ်အတန်အသင့်ရှည်သော မိန်းကလေးက သူမ၏ နှစ်ဆမက ထွားသော လူကြီးအား လည်ပင်းမှ မြှောက်၍ကိုင်ကာ နံရံတွင်ကပ်ထားသည်။

"အင်း ဟုတ်ပြီ။
အသံမထွက်နဲ့တော့။
စိတ်ထဲကကြောက်နေကွာ။
ပါးစပ္ကေတာ့ ပြုံးနေလိုက်။
ဘယ်လိုပြောရမလဲ အကြောက်မျက်လုံး အပြုံးမျက်နှာပေါ့
အဲ့လိုလုပ်။”

မိန္ကလေးက ထိုလူကြီး၏ မျက်လုံးထဲသို့ စူးစိုက်ကြည့်ပြီး ပြောလိုက်သည်။
လူကြီး၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်သွားပြီးနောက် မိန်းကလေးလိုချင်သော မျက်နှာအနေအထားအတိုင်း ဖြစ်သွားသည်။

ကြောက်လန့်တကြား မျက်လုံးများနှင့် စပ်ဖြဲဖြဲ မျက်နှာကြီးကို ကြည့်ပြီး မိန်းကလေးက အားပါးတရ အော်ရယ်သည်။
ထိုစဉ် နောက်မှ ကောင်လေးတစ်ယောက်၏ အော်သံထွက်လာသည်။

"Rachel ပေါက်ကရတွေလုပ်နေတာ တော်တော့။”

မိန်းကလေးက စိတ်ပျက်လက်ပျက် မျက်လုံးလှန်လိုက်သည်။
ထုံးစံအတိုင်း စကားအပိုတွေ ပြောရတော့မည်ဆိုတာ သူမ နားလည်လိုက်သည်။

"နင့် အပူမပါဘူး Dave
ငါ စတောင် မစရေသးဘူး။”

"နင် စည်းမျဉ်းတွေကို သိပါတယ် Rachel။
မြို့ခံတွေကို နင်ထိလို့မရဘူး
ငါပြောရတာ ဘယ်နှစ်ခါရှိနေပြီလဲ

" နင်ကပါ ငါ့ကို ဆရာ လာလုပ်နေတာလား။
ဒီလူ ဘာလုပ်နေလဲ နင် မသိပါဘူး Dave
ပြီးတော့ မြို့ခံတွေကို မစားရဘူးလို့ဘဲ ပြောထားတာ။”

ပြောရင်းဆိုရင်း မိန်းကလေးက လူကြီး ရင်ဘတ်ပေါ်သို့ လက်တင်ကာ နံရိုးတစ်ချောင်းကို အပေါ်မှ ဖိချိုးလိုက်သည်။
ပြီးမှ နှုတ်ခမ်းတစ်ဖက် ကော့တက်သွားအောင် ပြုံးပြပြီး

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now