Chapter 32

979 151 34
                                    

(Unicode)

David သူ့ရင်ဘတ်ထဲ စိုက်ဝင်သွားသော သစ်သားချောင်းကို ငုံ့ကြည့်လိုက်သည်။

ခြေဖဝါးတွေမှ စ၍ ခြောက်သွေ့လာတာကို ခံစားမိသည်နှင့် အချိန်ဆွဲမနေတော့ဘဲ ကျန်သမျှ အားအကုန် သုံးကာ Christopher ကို စည်းဝိုင်းထဲ ဆွဲထည့်လိုက်သည်။

ထို့နောက် စည်းဝိုင်း အပြင်ဘက်ကို အလျင်အမြန် ထွက်ကာ လက်ဖဝါးနှစ်ဖက်ကို ထောင်ထားရင်း Emily ကို အမောတကော အော်ပြောလိုက်မိသည်။

"Emily အခု လုပ်တော့။”

David ၏ အသံကြားသည်နှင့် Emily က Steve ကို ခေါင်းညိတ်ပြလိုက်သည်။
သူတို့ အကြံကို ရိပ်မိသွား၍ သူမဆီ ပြေးလာသော Rachel ကို အသင့်ပြင်ထားသော Steve က နောက်ကနေ သိုင်းဖက်ကာ ထိန်းထားပေးသည်။

"ငါ့ကို လွှတ်စမ်း အရိုင်းအစိုင်းကောင်။
Emily နင် လုပ်ရဲရင် လုပ်ကြည့်။
Emilyyy
ငါ တောင်းပန်ပါတယ်။
ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့။
Emily ကျေးဇူးပြုပြီး။”

အလန့်တကြား အော်ဟစ်နေသော Rachel ကို Emily ရင်နာစွာဖြင့် လျစ်လျူရှုလိုက်ရသည်။
ထို့နောက် သူမ၏ magic အပေါ် သေချာအာရုံစိုက်ပြီး မန္တာန်ကို အားအပြည့်နှင့် ရေရွတ်လိုက်သည်။

"Sacria fisia neta”

ရုတ်တရက် မထင်မှတ်ထားသည့် အပြုအမူကြောင့် Christopher အငိုက်မိသွားသဖြင့် စည်းဝိုင်းထဲတွင် လဲကျသွားရသည်။
ချက်ချင်း ပြန်ထဖို့ လုပ်နေစဥ်မှာဘဲ ကောင်လေး၏
လက်မှ အဝါရောင် အလင်းတန်းတွေ ထွက်လာကာ
စည်းဝိုင်းက မီးထတောက်သွားသည်။

ပြန်ငြိမ်းသွားသော မီးနှင့်အတူ ဒီကောင်လေး ဘာလုပ်လိုက်လဲ ဆိုတာ Christopher သဘောပေါက်သွားပြီ ဖြစ်သည်။

"ဒီ စည်းဝိုင်းလေးက ငါ့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မယ်လို့ မင်းထင်နေတာလဲ။”

သူမေးတော့ David က တဟက်ဟက် ရယ်သည်။
ခြေထောက်မှစ၍ ခြောက်သွေ့လာမှုက လည်ပင်းနားထိရောက်လာပြီ ဖြစ်သဖြင့် မျက်နှာက ဖြူသလောက်
တစ်ကိုယ်လုံးက ခဲရောင် ဖြစ်နေသည်။
အနက်ရောင် သွေးကြောများကလည်း တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထင်းနေသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now