Chapter 37

989 144 1
                                    

(Unicode

"အဖွားက ဘယ်လိုများ မမူးဘဲ နေနိုင်ရတာလဲ။”

Emily တစ်ယောက် သချိုင်းအဝမှ စ၍ တောက်လျှောက် အန်နေရသမျှ သူမ၏ အဖွားကတော့ အေးအေးဆေးဆေးပင်။

"ငါဟာငါ ကားနဲ့ လာလည်း ရရဲ့သားနဲ့။
နင်က တကယ်ကို လျှာရှည်လွန်းတယ် Rachel”

သချိုင်းမြေအတွင်းသို့ တရွတ်တိုက် လျှောက်ကာ ဝင်လာရသမျှ လမ်းတစ်လျှောက်လုံး တောက်လျှောက် လှမ်းကျိန်ဆဲနေသော်လည်း Rachel က သူမကို အဖက်မလုပ်။

အချိုင်းမြေ အတွင်း သီးသန့်လို ဖြစ်နေသော အုတ်ကာရံထားသည့် အခန်းတစ်ခုကို တွေ့တော့ သူတို့ အားလုံး စိတ်ဝင်တစား ထိုနားရောက်သွားကြသည်။

သံတံခါးကို တွန်းဖွင့်လိုက်ချင်းချင်း အစီအရင် မန္တာန်စာရွက်တွေနှင့် အတူ အခေါင်းတစ်ခုကို တွေ့လိုက်ရသည်။

"Henry”

Emily က နာမည်ကို ဖတ်ကြည့်လိုက်တော့ Rachel က မျက်မှောင်ကြုံ့သည်။

"သူ့အခေါင်းက ဒီမှာဆို Kelly က ဘယ်ရောက်သွားတာလဲ။”

Emily ဘာမှ ပြန်မပြောရသေးခင်မှာပင် ဖုန်းလာ၍ အိတ်ထဲက အမြန် ထုတ်ကြည့်လိုက်ရသည်။

"Steve ဆက်တာ။”

သူမပြောတော့ အားလုံး၏ အာရုံက သူမ၏ ဖုန်းအပေါ်
ကျရောက်သွားသည်။

"Steve ဘာဖြစ်လို့လဲ။”

တစ်ဖက်က ပြန်ဖြေသံ မကြားရသေး။
အသက်ရှူသံ ရှူးရှူးရှဲရှဲတွေသာ ကြားနေရသည်။

Emily ရင်ထဲ ထိတ်ခနဲ ဖြစ်သွားမိသည်။

"Steve ရှင် ဘာဖြစ်နေတာလဲ။”

Emily ဒုတိယအကြိမ် ခပ်ကျယ်ကျယ် အော်မေးတော့မှ တစ်ဖက်က အသံထွက်လာသည်။

"ငါတို့ အားလုံး ဒုက္ခရောက်ပြီ။”
...............

"နင်က Kelly အဆိပ်ပေးနေတာကို ဒီတိုင်း ရပ်ကြည့်နေတာပေါ့။”

Steve ပြောသမျှ အကုန်ကြားပြီးသည့်နောက် Rachelက အကြီးအကျယ် ပေါက်ကွဲတော့သည်။

"အဲ့ မိန်းမ အဲ့လောက်ရူးမယ်လို့ ငါ မထင်ထားခဲ့ဘူးလေ။
ငါ သွားဆွဲရင် ငါပါ စည်းဝိုင်းနား ကပ်သွားမှာပေါ့။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now