Chapter 22

991 165 24
                                    

(Unicode)

Rachel တို့နှစ်ယောက် ကွန်တိန်နာထဲ ပတ်ရှာကြည့်နေတာ နာရီဝက်လောက်ရှိပြီ ဖြစ်သည်။

သာမန် စက်ပစ္စည်းများမှ လွဲ၍ ဘာဆို ဘာမှ ထူးခြားတာမတွေ့။

"ဘာမှ မရှိဘူး ထင်ပါရဲ့။
ငါပဲ သံသယလွန်နေတာလား မသိဘူး။”

Rachel က သက်ပြင်းချကာ ပြောတော့ Emily က ခေါင်းခါသည်။

"မဟုတ်ဘူး Rachel
ငါဒီနေရာရောက်ကတည်းက တော်တော့ကို များပြားတဲ့ Magic တွေကို ခံစားရလိုက်ရတာ။
များလွန်းလို့ တစ်ခန်းလုံးမှာတောင် ရှိနေသလိုမျိုး....
နေဦး ငါသိပြီ။”

"Appero neta”

Emily က တစ်ခုခုကို သတိရသွားသည့်ဟန်နဲ့ မန္တာန်တစ်ခုကို အလျင်အမြန် ရွတ်လိုက်တော့ အရင်က မရှိသည့် ပစ္စည်းတစ်ခုပေါ်လာသည်။

"ငါ ထင်တယ်။
သူတစ်ခုခုကို အုပ်ထားလို့သာ တစ်ခန်းလုံး Magic ခံစားလို့ရအောင် လုပ်ထားတာ။
ငါတို့ကို စိတ်ရှုပ်ထွေးအောင်လို့။
ဒါပေမယ့် အရမ်း သိသာနေသလိုပဲ။
ဒါနဲ့ အဲ့တာ ဘာကြီးလဲ။”

Rachel က သူမ စကားတွေကို တစ်ခုမှ မတုံ့ပြန်တော့။ ပေါ်လာသည့် ပစ္စည်းကိုသာ အနီးကပ် စိုက်ကြည့်နေသည်။

အပ်ချုပ်စက် အပေါ်ကိုယ်ထည်လောက်သာ ရှိသည့် စက်ပစ္စည်း အသေးစားလေး။
ရှုပ်ရှုပ်ထွေးထွေး ထိုစက်ပေါ်တွင် ဖန်ပုလင်းလေး နှစ်လုံးကတော့ ထင်းနေသည်။
ထိုပုလင်းနှစ်လုံးဆီမှ ပိုက်ပျော့နှစ်ချောင်းက ရှည်ထွက်နေသည်။

ပိုက်များ၏ လုံးပတ်က အအေးပိုက်လောက်သာ ရှိသော်လည်း အရှည်ကတော့ နှစ်ပေကျော်မည်။
ထိုပိုက်နှစ်ချောင်း၏ အဆုံးတွင် လက်တစ်ဆစ်လောက်သာ ကြီးသော သံညှပ်လေးနှစ်ခုပါသည်။

Rachel က နောက်တစ်ကြိမ် သက်ပြင်းထပ်ချပြီးမှ ပြောသည်။

"ဒါ werewolves တွေရဲ့ အဆိပ်ကို ထုတ်ယူတဲ့ ပစ္စည်း။
အရမ်းရှားပြီး သာမန်လူ မတီထွင်နိုင်ဘူး။
အတော် အဆင့်မြင့်တဲ့ Magic လိုတယ်။”

"အဲ့တာဆို Steve တို့က”

Emily အလန့်တကြား ဖြစ်သွားတာကို Rachel က ခေါင်းခါပြသည်။

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Where stories live. Discover now