Chapter 21

1K 156 9
                                    

Unicode

အိပ်ရာနိုးနိုးချင်း သူနှင့် Lucas ညအိပ်ဝတ်စုံတွေတောင် မလဲဘဲ လေသာဆောင်တွင် ထွက်ထိုင်နေကြမိသည်။

မနေ့ည ဆုတောင်းပွဲမှ ပြန်ရောက်သည့် အချိန်မှစ၍ Lucas ကို ကြည့်ရတာ မှိုင်တိုင်တိုင် ဖြစ်နေသည်။
ခါတိုင်း မနားမနေ တတွတ်တွတ် စကားများတတ်ရာမှ ခုတော့ သူဘက်ကမှ စကားစမပြောလျှင် Lucas ဆီက ဘာသံမှ ထွက်မလာ။

အခုလည်း အပြင်ကို ငေးကာ အာရုံတွေ ထွေပြားနေပုံပင်။

"မနက်ဖြန် မင်းမွေးနေ့နော် Lucas”

Alex မေးလိုက်တော့လည်း Lucas က အူကြောင်ကြောင်နှင့် ပြန်ကြည့်နေသေးသည်။
ပြီးတော့မှ ခေါင်းငြိမ့်ပြသည်။

သူ တကယ် စိတ်ပူလာမိသည်။
ဒါ ဘယ်နည်းနဲ့မှ ပုံမှန် အခြေအနေမဟုတ်။
ရင်ထဲတွင် မကောင်းသော ခံစားချက်ကြီးက တလှိုက်လှိုက် ဖြစ်လာသည်။

"တစ်ခုခုဖြစ်လို့လား Lucas
မင်းကြည့်ရတာ စိတ်နဲ့လူနဲ့ မကပ်သလိုဘဲ။”

သူ မထိန်းနိုင်ဘဲ မေးလိုက်မိတော့ Lucas က ခေါင်းကို တွင်တွင်ခါသည်။

"မဟုတ်ပါဘူး Xan ရဲ့။
ကျွန်တော် နည်းနည်း အတွေးလွန်သွားလို့ပါ။
အဲ့တော့ Xan က ဘာ မွေးနေ့လက်ဆောင် ပေးမှာလည်း။”

Lucas စကားလမ်းကြောင်း ရအောင်ပြောင်းတော့ Xan က သူ့ကို မျက်မှောင်ကြုံ့ပြီး ကြည့်နေသေးသည်။
သူက တစ်ချက်ပြုံးပြလိုက်တော့မှ သက်ပြင်းဖွဖွချလိုက်ကာ မျက်ခုံးပင့်ပြပြီး ပြောသည်။

"အဲ့နေ့ကျ သိရမှာပေါ့။
မလောပါနဲ့။”

စကားအဆုံး မျက်စိတစ်ဖက် မှိတ်ပြသဖြင့် သူ တကယ် ပြုံးလိုက်မိသည်။

"အဲ့တော့ Lukie
မင်းမွေးနေ့ကို ဘယ်လို လုပ်မှာလဲ။
ခြံထဲမှာဘဲ ပါတီလုပ်မလား။
ဟို ဘဝင်ရူးမရဲ့ Bar မှာလုပ်မလား။”

မနက်စာ ​သွေးထုပ်ကိုင်ကာ ထွက်လာသည့် David က Lucas တို့ စကားဝိုင်းထဲ ဝင်ယောင်သည်။

"ဘယ်မှာမှ မလုပ်ဘူး။
ငါနဲ့ Lucas နှစ်ယောက်ထဲဘဲ သီးသန့် လုပ်မှာ။
ငါဘဲ အစအဆုံး စီစဥ်မယ် မင်းတို့ ပါစရာ မလိုဘူး။”

Beyond the Eternity (ထာဝရကို ကျော်လွန်၍)Waar verhalen tot leven komen. Ontdek het nu