1

6.6K 372 6
                                    

(Unicode)

နှင်းတွေကျနေတဲ့ဆောင်းမနက်ခင်း...
ရိပေါ်ဟာ စိတ်ချမ်းချမ်းသာသာနဲ့နိုးထလာခဲ့ပါတယ်။ professional racer တစ်ယောက်အနေနဲ့ training မရှိလို့ အေးအေးဆေးဆေးအိပ်ရင်း နေမြင့်မှထရတဲ့ ဒီလိုနေ့တွေဟာ blessing တစ်ခုပါပဲ..

Training ရှိတဲ့ရက်တွေဆိုရင် မနက်စောစောထ၊မနက်စာအပြေးအလွှားစား၊ ပြီးတာနဲ့ လေ့ကျင့်ကွင်းကိုသွားကာ အဲ့မှာပဲ တစ်နေကုန်သွားတတ်တာ..
Training မရှိရင်တော့ black coffee တစ်ခွက်နဲ့ မနက်ခင်းကိုစတင်ပြီး lego ဒါမှမဟုတ် game ဆော့ရင်း၊ စကိတ်စီးရင်းဖြစ်ဖြစ်၊ တစ်ဦးတည်းသောသူငယ်ချင်း Jackson နဲ့တွေ့တာဖြစ်ဖြစ်လုပ်ရင်း ကုန်ဆုံးလေ့ရှိပါတယ်။ အားလပ်ရက်ရှည်ရရင်တော့ မွေးရပ်မြေက မိဘတွေအိမ်ပြန်ဖြစ်တာပေါ့လေ...

ရိပေါ်က racer ဖြစ်ပေမဲ့ ရုပ်ရည်ကြောင့် ယောကျာ်းလေ fan တင်မဟုတ်ပဲ မိန်းကလေး fan တွေကလဲ အများသား...
သူ့လိုအေးစက်စက်လူကို သည်းခံပြီးချစ်ပေးကြတဲ့သူတွေကို ကျေးဇူးတင်စိတ်ကလေးကအမြဲရှိပါတယ်။ ဒါကြောင့် fan တွေကပို့လာတဲ့ စာလေးတွေ လက်ဆောင်လေးတွေကို အချိန်ပေးပြီးတော့ ကြည့်ဖြစ်တယ်...

အခုလဲ အိမ်ရှေ့က စာတိုက်ပုံးလေးဆီ လာပြီးရောက်နေမဲ့ စာလေးတွေ၊ လက်ဆောင်လေးတွေကို လာသိမ်းဖြစ်တယ်။ ပျော်စရာတွေပြည့်နေတဲ့ ဒီဇင်ဘာလမှာ စာတိုက်ပုံးလေးကလဲ ပုံမှန်အချိန်ထက် ပိုပြည့်ကာနေတတ်ပါတယ်...
နှစ်တစ်နှစ်မှာ ဒီဇင်ဘာလဟာ ရိပေါ်သဘောအကျဆုံးလတွေထဲအပါအဝင်ပေါ့... ဒီလက သီချင်းသံလေးတွေ decoration လှလှလေးတွေနဲ့ လေထုထဲမှာကို အပျော်တွေပျံ့လွင့်နေသလို ခံစားရတယ်လေ....
လက်ဆောင်လေးတွေသိမ်းပြီးတော့ အေးစက်စက်ဆောင်းလေကြောင့် အပြေးပဲ အိမ်လေးထဲပြန်ဝင်ခဲ့လိုက်တယ်..

ကြိုက်လှတဲ့ coffee ကို တစ်မြုံ့မြုံ့သောက်ရင်း ချစ်ခင်ပေးမှုတွေအပြည့်နဲ့ fan letter လေးတွေကိုဖတ်ရတာလောက် စိတ်ချမ်းသာရတာမရှိ...
စာအိတ်လေးတွေဟာ ရေမွှေးနံ့မျိုးစုံ ပုံစံမျိုးစုံ အရောင်မျိုးစုံနဲ့ ရိပေါ်ရဲ့စိိတ်ဝင်စားမှုကို အပြိုင်တောင်းဆိုနေကြတော့တယ်...
အဲ့ဒီအထဲမှာမှ လက်ရေးသော့လေးတွေနဲ့ "To Yibo" လို့ရေးထားတဲ့ ရိုးရှင်းတဲ့ အပြာရောင် ပြောင်စာအိတ်လေးက မျက်လုံးထဲထင်းကနဲ...
ကောက်ယူပြီး ဖွင့်ကြည့်လိုက်တဲ့အခါ ရလိုက်တာက စီးကရက်နံ့ခပ်ပြေပြေဖြစ်နေတဲ့အခါ ပိုလို့တောင် စိတ်ဝင်စားမိတော့တယ်... သူရဖူးတဲ့စာတွေထဲမှာ စီးကရက်နံ့ရတဲ့စာက ဒါပထမဆုံးပဲမဟုတ်လား....
စာအိတ်လေးလိုပဲ အထဲမှာရေးထားတဲ့စာကလဲ ရိုးရိုးရှင်းရှင်းပါပဲ..

LettersWhere stories live. Discover now