7

1.9K 237 9
                                    

(Unicode)

ရှောင်းကျန့်လက်ရေးမှန်း ရိပေါ်အတည်ပြုပြီးတဲ့အခါ Jackson ဆီကို အူယားဖားယားဖုန်းဆက်ပါတော့တယ်...

~ဒီနေ့မှဖုန်းဝင်ဖို့ကလဲကြာလိုက်တာ~

"Hel....."
"ဟေ့ရောင် ငါသိလာပြီ"
"ဟယ်လိုတော့ပြီးအောင်ထူးပါရစေဦးကွာ မင်းကလဲ"
"အေး အေး
ငါသိလာပြီလို့...ကျန့်ကောလက်ရေးဟုတ်တယ်သိလား... စာထဲကနဲ့အတူတူပဲ"
"အေး ကောင်းသားပဲ"
"ဒါပဲလား မင်းဟာက"
"အရပ်ကတို့ရေ.... ဝမ်းသာလိုက်တာဗျို့....."
"ဟေ့ရောင် ငါကစကားအကောင်းပြောနေတာကို"
"အေးပါ.. အဲ့တော့မင်းဘာဆက်လုပ်မှာလဲ"
"စောင့်မှာပေါ့ သူ့စိတ်နဲ့သူငါရှေ့ရောက်လာတဲ့ထိ..."
"ဒီကြားထဲမသိချင်ယောင်ဆောင်နေမယ်ပေါ့?"
"အေး... သူစီစဉ်ထားတဲ့အတိုင်းပဲငါလိုက်ချင်တယ်.. ငါ့ကြောင့်သူစိတ်အနှောက်အယှက်ဖြစ်နိုင်တဲ့ဟာတွေ ဘာမှမလုပ်ချင်ဘူး..."
"မင်းတော့ဆေးမမှီတော့ဘူး ဝမ်ရိပေါ်..."
.
.
.
.
အခုတလော ရှောင်းကျန့်က သူ့ gallery ကပြပွဲကိစ္စတွေနဲ့ရှူပ်နေသလို ရိပေါ်ကလဲ training တွေဆက်နေတာမို့ သိပ်မတွေ့ဖြစ်ကြဘူး။ စာလေးတွေကတော့ နေ့တိုင်းမပြတ်ရောက်တာမို့ အလွမ်းဖြေစရာတော့ရှိတာပေါ့လေ..ဒါပေမဲ့ အပြုံးလက်လက်လေးတွေရယ် ယုန်သွားတွေရယ် မှဲ့နက်လေးရယ်က မူးယစ်ဆေးလိုပဲ စွဲနေတာမို့ training နားတဲ့ရက်ရောက်တာနဲ့ Zio ကိုလာခဲ့တော့တာပါပဲ...

ရိပေါ် Zio ကိုရောက်တော့ ကော်ဖီဆိုင်မှာ ရှောင်းကျန့်ကိုမတွေ့မိဘူး။ အလုပ်များနေနိုင်တာဖြစ်လို့ ကော်ဖီသောက်ရင်းပဲ စောင့်နေလိုက်တော့တယ်။ ကော်ဖီကုန်ခါနီးမှာ gallery ထဲကနေထွက်လာတဲ့ ရှောင်းကျန့်ကိုတွေ့ရပါပြီ..ဧည့်သည်တွေကို ပြန်လိုက်ပို့ပုံရတဲ့ရှောင်းကျန့်က gallery ရဲ့ portico အောက်မှာစကားတွေပြောနေပါတယ်..သူ့ရဲ့ကိုယ်ပိုင် အပြုံးအေးအေးနွေးနွေးလေးနဲ့....
ကျန့်ကောပြုံးလိုက်တိုင်းမှာ အေးချမ်းတာရော နွေးထွေးတာရောကို တစ်ပြိုင်နက်ခံစားရတာမို့ ရိပေါ်က ရှောင်းကျန့်ပြုံးရင် တစ်လောကလုံးကိုမေ့တဲ့ထိငေးပါတယ်...

ဧည့်သည်တွေပြန်သွားတော့ ရှောင်းကျန့်က gallery ထဲပြန်ဝင်ဖို့ရွယ်ပြီးကာမှ cafe ဖက်ကို လှမ်းကြည့်လာတယ်.. cafe ဖက်ဆိုပေမဲ့ သူတို့ထိုင်နေကြခုံလေးဆီကိုတန်းကြည့်လိုက်တာ...ရိပေါ်လှမ်းပြုံးပြလိုက်တဲ့အခါ ရှောင်းကျန့်က ခဏလောက်တွေတွေလေးရပ်ကြည့်နေတယ်.. ပြီးတော့မှ ပြန်ပြုံးပြရင်း ရိပေါ်ဆီကိုလျှောက်လာတယ်...
ရှပ်အင်္ကျီအဖြူရယ် စတိုင်ပင်အမဲရောင်ရယ်ဝတ်ထားပြီး ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ကာလျှောက်လာနေတဲ့ ရှောင်းကျန့်ဟာ ရိပေါ်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ masterpiece လေးပဲဖြစ်ပါတယ်...

LettersWhere stories live. Discover now