19

1.8K 221 4
                                    

(Unicode)

"Sean မင်းပြောကြည့်.. ငါရိပေါ်ရဲ့ attention ရအောင်ဘယ်လိုလုပ်ရမလဲ.."

Zack ကပြောလာတော့ ရှောင်းကျန့်ရင်ထဲခပ်အောင့်အောင့်ရယ်.. သူ့ပထမဆုံး သဘောကျမိတဲ့ကောင်လေးကို သူ့သူငယ်ချင်းကလဲ သဘောကျတယ်တဲ့လေ.. Zack ကအရင်တွေ့ပြီး သဘောကျနေတဲ့ကောင်လေးကို *မလိုက်နဲ့ ငါလဲကြိုက်လို့* လို့ သွားပြောလို့လဲမရဘူးမဟုတ်လား...

"Zack မင်းတစ်ကယ်သဘောကျတာလားသူ့ကို.."
"ဟုတ်တယ်... flirt ချင်ယုံပဲမဟုတ်ဘူး.. တစ်ကယ်သဘောကျတာ.."

Playboy သူငယ်ချင်းရဲ့ ပထမဆုံးတစ်ကယ်သဘောကျမိတဲ့ကောင်လေးကို သွားလုဖို့လောက်ထိ ရှောင်းကျန့်ရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြုဘူးလေ..

"ကျန့်ကျန့်... ငြိမ်လိုက်တာ.. ဘာတွေတွေးနေတာလဲ... ငါပြောတာရောကြားရဲ့လား.."
"ကြားပါတယ်.. ငါစဉ်းစားနေတာ.. မင်းရိပေါ်နား ဘယ်လိုသွားရင် အဆင်ပြေမလဲဆိုတာ... စာလေးတွေရေးပို့ရင်ရော... ခုခေတ်က စာသိပ်မပို့ကြတော့ အထူးအဆန်းလဲဖြစ်တယ်လေ.."
"Cool!!! နေ့တိုင်းစာလေးတွေပို့မယ်.. ငါ့ကိုရေးပေး ကျန့်"
"ကိုယ့်ဟာကိုရေးလေကွာ.."
"ငါမှတရုတ်လိုကောင်းကောင်းမရေးတတ်တာ... English လိုလဲမရေးချင်ဘူး.."
"အစားရေးပေးတာ ဘယ်ကောင်းမလဲ.. ကိုယ့်ဟာကိုရေးစမ်းပါကွာ.."
"နေ့တိုင်းပို့ချင်တာပါဆို... ငါက ဟိုပြန်သွားရရင် ပို့လို့မရတော့ဘူးလေ.. မင်းရေးပေးတော့ ငါပြန်သွားလဲ ဆက်ပို့လို့ရတာပေါ့... ပြီးတော့မင်းက artist လေ.. ငါ့ထက်ပိုပြီး စာကောင်းကောင်းလေးတွေထွက်မှာ... နော် ကျန့်ကျန့်... လုပ်ပါ.."
"အေး အေး ရေးပေးမယ်.. ရှုပ်ကိုရှုပ်တယ်... ဟိုကသိသွားရင်ဘယ်လိုလုပ်မှာလဲဆိုတာလဲတွေးထားဦး.."
"နောက်ငါဖွင့်ပြောပြီးရင်တော့ အမှန်အတိုင်းပြောမှာပေါ့... ဪ ပြီးတော့ရေးရင် ငါ့နာမည်အပြည့်အစုံမရေးချင်ဘူး... initial ပဲထည့်ပေးနော်.."

ဒီလိုနဲ့ ကောင်လေးဆီပထမဦးဆုံးစာကို စရေးဖို့ရှောင်းကျန့်စဉ်းစားပါတော့တယ်..
ဘာရေးရမလဲတွေးတဲ့အခါ စစတွေ့ချင်းထဲက ကိုယ်တွယ်ညိခဲ့ရတဲ့အပြုံးလေးကို မြင်ယောင်လာတော့....

"ပထမဆုံးစတွေ့တဲ့နေ့မှာ မြင်လိုက်ရတဲ့ အပြုံးလေးအတွက် ကျေးဇူးပါ ကောင်လေးရေ...

LettersWhere stories live. Discover now