13

1.8K 224 0
                                    

(Unicode)

ရိပေါ်အခုတစ်လော စကိတ်တွေချည်းစီးဖြစ်တယ်.. စီးတာမှ တရကြမ်းကိုစီးတာ.. ဒဏ်ရာတွေရတဲ့အထိ.. အပြင်မှာဒဏ်ရာရရင် ရင်ထဲကနာတာက နဲနဲသက်သာသလိုရှိတယ်မဟုတ်လား...

"ရိပေါ် ကိုယ့်ကိုကိုယ်တော့ နဲနဲညှာပါဦးကွာ.."

Jackson ဘယ်လောက်ပြောပြော အကျိုးကတော့ထူးမလာဘူး..ဒီလိုအချိန်မှ ပြိုင်ပွဲတွေကလဲမရှိတော့ အာရုံလွဲစရာလဲမရှိဘူးလေ..

တစ်ခါတစ်လေလဲ Zio ကို သွားသွား ချောင်းဖြစ်သေးတယ်...ကိုယ်ကဖွင့်ပြောပြီး ကိုယ်ကပဲရှောင်နေတဲ့အဖြစ်က နဲနဲတော့ ကဂျိုးကဂျောင်ဖြစ်ပေမဲ့ ရိပေါ်မတတ်နိုင်ဘူး.. စိမ်းကားနေမဲ့ရှောင်းကျန့်ကို သူ ရင်မဆိုင်ရဲဘူးလေ..
ရိပေါ်ကသာကမ္ဘာပျက်နေပေမဲ့ ရှောင်းကျန့်ကတော့ အရင်အတိုင်းလေးပဲ... အပြုံးတောက်တောက်လေးနဲ့ပဲ...
သူပျော်နေတော့လဲဝမ်းသာရတာပါပဲ.. ကိုယ့်ကြောင့်စိတ်ဆင်းရဲရတာထက် သူများကြောင့်ပျော်နေတာကို မြင်ရတာက အများကြီးသာပါတယ်လေ..

တစ်ညနေရိပေါ်စကိတ်စီးပြီးအပြန် အိမ်ရှေ့မှာ Zack ကိုတွေ့ရတယ်..
"ရိပေါ် နေကောင်းရဲ့လား.. ပိန်သွားလိုက်တာ.. ကိုယ့်ဖုန်းလဲမကိုင်တော့ စိတ်ပူလို့ လိုက်လာတာ.."
"နေကောင်းပါတယ်.. ကျွန်တော် ကိစ္စလေးနဲနဲရှိနေလို့.."
"ရိပေါ် အဆင်ပြေရဲ့လား.. ကိုယ်တို့ သွားသောက်ကြမလား.."

ရိပေါ် အိမ်ထဲစကိတ်ဝင်ထား၊ ရေအမြန်ချိုးပြီး Zack ရဲ့ ကားနဲ့ပဲ bar တစ်ခုကိုထွက်လာလိုက်ကြတယ်..

"ရိပေါ်  နားထောင်ပေးဖို့ ကိုယ်ရှိတယ်နော်"
"Zack ခင်ဗျား မျှော်လင့်ဖူးလား"
"သေချာပေါက် မျှော်လင့်ဖူးတာပေါ့"
"မျှော်လင့်ပြီး ဖြစ်မလာတာရောရှိဖူးလား.."

Zack မဖြေတော့ပဲ ရိပေါ်ဆက်ပြောနိုင်ဖို့ပဲ ဆက်နားထောင်နေလိုက်တယ်..

"အဲ့ဒါ အသေခါးတာနော်.. ဒီအရက်ထက်တောင်ခါးသေးတာ.. တစ်ယောက်ထဲဆီကပဲ ၂ခါလဲလွဲရော အခုကျွန်တော့်လို ဖြစ်ရောပဲ.. အဟက်"

ရိပေါ် whiskey တစ်ခွက်လုံးကို တစ်ကျိုက်ထဲမော့ချလိုက်တယ်..

LettersWhere stories live. Discover now