15

1.8K 226 9
                                    

(Unicode)

ဒီတစ်ခေါက် Zack ပြန်လာတော့ ရိပေါ်တို့ အရင်လို မုန့်စား bar သွားတာတွေအပြင် ရုပ်ရှင်ကြည့်တာ နေ့ချင်းပြန်ခရီးတိုသွားတာလေးတွေပါ လုပ်ဖြစ်ကြတယ်... တရုတ်ပြည်ကိုလာရင် အလုပ်ကိစ္စတွေနဲ့ပြည့်နေတဲ့ Zack က ဒီတစ်ခါအလည်သက်သက်ပဲလာတော့မှပဲ စိတ်လွတ်ကိုယ်လွတ်နေနိုင်ပါတယ်..

ဒီနေ့ရိပေါ်တို့ရုပ်ရှင်ကြည့်ပြီး ညစာစားဖို့စီစဉ်ထားကြတယ်.. ပြိုင်ပွဲနီးနေတဲ့ရိပေါ်ကို စိတ်ပြေလက်ပျောက်ဖြစ်အောင် Zack ကရအောင်ခေါ်ထုတ်လာခဲ့တာ... လက်မှတ်ဝယ်ပြီးတော့ ရုံထဲမဝင်ခင် lounge မှာထိုင်စောင့်နေတုန်း ရိပေါ်ရဲ့ fangirl လေးတွေရောက်လာပြီး အော်တိုထိုးခိုင်းတော့ ထိုးပေးလိုက်ရသေးတယ်... သူတို့ပြန်ထွက်သွားတော့ Zack ကလဲ အားကျမခံ..
"ရိပေါ် ကိုယ့်ကိုလဲ အော်တိုထိုးပေးပါ.."
"လုပ်ပြီ.. ဘာတွေထွင်ပြန်ပြီလဲ.."
"ကိုယ်သိမ်းထားဖို့လေ.. နော်.."

ရိပေါ်ခေါင်းခါလို့ရီရင်း sign ထိုးပေးလိုက်ပြီး စာလေးတစ်ကြောင်းပါတွဲရေးပေးလိုက်တယ်...

*အမာခံပရိတ်သတ် Zack အတွက်*

Zack ကသဘောတကျကြည့်ရင်း
"ကျေးဇူးရိပေါ်.."
"Zack လဲ အော်တိုထိုးပေး ကျွန်တော့်ကို.."
"ဟားဟား... ကိုယ်ကတော့ ဂုဏ်ယူစရာပဲ... နာမည်ကြီးကတောင် အော်တိုတောင်းတယ်ဆိုတော့..."

*To Yibo , with love* ဆိုတဲ့စာလေးနဲ့ Zack ရဲ့လက်မှတ်ထိုးထားတဲ့စာရွက်ကို ရိပေါ်ကြည့်ရင်း..

"ဘာလို့တရုတ်လိုမရေးတာလဲ Zack ရ."
"ကိုယ်က အရေးသိပ်မကြွမ်းဘူးလေ.. စာဖတ်ရင်တောင် နားလည်ဖို့အချိန်ယူရတယ်.. တရုတ်စာက ကိုယ့်အတွက် တော်တော်ခက်တယ်.."
"အဲ့လောက်တော့ မဟုတ်ပါဘူး Zack ရဲ့...ကျွန်တော့်ဆီရေးထားတာတွေဆို ချောနေတာပဲဟာ.."

ရိပေါ်ပြောနေတုန်းမှာပဲ ရုပ်ရှင်ရုံထဲဝင်နိုင်ပြီဖြစ်ကြောင်း ကြေငြာတော့ဝင်လာလိုက်ကြတယ်။
.
.
.
.
ဒီနေ့က ရိပေါ်ရဲ့ ပြိုင်ပွဲမတိုင်မီညဖြစ်ပါတယ်.. ရိပေါ်ပြိုင်ပွဲအတွက် အားဆေးလိုတာကြောင့် ရှောင်းကျန့်ရဲ့ အိမ်လေးဆီထွက်လာလိုက်တယ်... အရိပ်လေးဖြစ်ဖြစ် တွေ့ရရင်တောင် အားရှိတယ်မဟုတ်လား..
ရိပေါ် အပင်အကွယ်လေးမှာရပ်ပြီး အိမ်လေးဆီမျှော်ကြည့်နေတယ်..

LettersWhere stories live. Discover now